သူလှေကားပေါ်တက်ရင်း မုဝမ်ချန်းက
မေးလာတယ်၊

"ငါမင်းကိုမေးခွန်းတစ်ခုလောက်မေးလို့ရမလား?"

"ဟမ်?"

"မင်း သူနဲ့ ဘယ်လို တွေ့တာလဲ?"

လုကျား မျက်မှောင်ကြုတ်ပြီး မုဝမ်ချန်းကို ပြောမပြချင်ဘူး၊ သူမပြောခင်မှာပဲသူ့ အနောက်မှ အသံထွက်လာတယ်၊မုဝမ်ရန်
ထအော်လာခြင်းပင်။

"မုဝမ်ချန်း"

လုကျား ဘယ်ညာကြည့်လိုက်ပေမယ့်
ဘယ်သူ့ကိုမှမတွေ့ရဘူး။

လုကျားဘက်က ကြည့်မယ်ဆိုပါကမမြင်နိုင် ပေမယ့် မုဝမ်ချန်းဘက်မှ ကြည့်ပါကမုဝမ်ရန်ရဲ့အေးစက်ပြီးနွေးထွေးမှုကင်းမဲ့နေတဲ့
အကြည့်တွေကို အသေအချာရှင်းလင်းစွာ
ပင် မြင်နိုင်တယ်။

မုဝမ်ချန်း ပြုံး ပြီး အနောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်ကာ ခေါင်းမော့ပြီးပြော
လာတယ်၊

" ကောင်းပါပြီ..ငါမမေးတော့ပါဘူး...ငါကိုအဲ့လိုချည်း မကြည့်စမ်းပါနဲ့ ၊ကြောက်စရာကြီး"

လုကျား အခန်းထဲသို့ ဝင်လာပြီးနောက်
သူ့ကျောပိုးအိတ်ထဲမှအိမ်စာစာအုပ်တွေကို
ထုတ်ပြီးချိန်ထိ မုဝမ်ရန် စကားမပြောသေးဘူး၊အဲ့ဒီနောက်မှ မုဝမ်ရန် မေးလာတယ်၊

"ဘာတွေရေးစရာရှိလို့လဲ?"

"ကိုကို ဘာလို့ဒီလောက်တောင်စိတ်ဆိုးနေတာလဲ?"

မုဝမ်ရန် လုကျားကို ကြည့်ပြီးနောက် ခေါင်းငုံ့သွားတယ်၊

"ကိုယ် စိတ်မဆိုးပါဘူး"

အမှန်တကယ်တော့,မုဝမ်ချန် တမင်တကာပင်လုကျားကို ချဥ်းကပ်ဖို့ ကြိုးစားနေတာကို သူစိတ်ဆိုးနေမိတယ်။

လုကျားကလည်း ထုံးစံအတိုင်းသူ့စကားကို
မယုံကြည်ခဲ့ဘူး။

သူတို့နှစ်ယောက်တခဏမျှ တိတ်ဆိတ်နေမိတယ်၊

ခဏအကြာတွင်, လုကျားက ချီတုံချတုံဖြင့်,

"ကိုကို့ညီကို ကိုကို သဘောမကျဘူးလား?"

မုဝမ်ရန် ခေါင်းခါပြလိုက်တယ်၊

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now