"ဒီက Jimin ssi လည်း ကျွန်တော့်နာမည်ကို သိပြီးသားပဲ မဟုတ်ဘူးလား"

ပါးစပ်ထဲ ပီကေတရစ်ရစ် ဝါးရင်း ပြောလိုက်သည့် ထိုလူရဲ့ စကားကြောင့် Jimin သက်ပြင်းသာ ချလိုက်မိသည်။ ဟုတ်တယ်..။ Hyemi ထက် ပိုဆိုးတာ သူ ကိုယ်တိုင်ပဲ။ မပတ်သက်လည်း ရရဲ့သားနဲ့ အတင်းဝင်တိုး ပတ်သက်နေမိတာ။

Jimin သက်ပြင်းချသံနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားဟန်ပေါ်သည်။ ဟောခန်းမ အကျယ်ကြီးထဲ စားပွဲခုံလေး တစ်ခုရယ်၊ အင်တာဗျူးနေသည့် Jimin ရယ်၊ လာအင်တာဗျူးခံသည့် tattoo အပြည့်နဲ့ ကောင်လေးရယ်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေသည်က မသိရင် သဲကန္တာရဒေသ ရဲ့နွေခေါင်ခေါင်ကြီးအလား။

- လွန်ခဲ့သော 18 နာရီ ဝန်းကျင်ခန့်က-

"မင်္ဂလာပါရှင် ဒီနေ့ အချစ်ရေးဆွေးနွေးပွဲ အစီအစဉ် အတွက် ဧည့်သည်အတွဲကတော့ လူငယ်တွေ ကြားရော စီးပွားရေးလောကမှာပါ ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ Adam Eve အတွဲလေးနော်၊ ဟုတ်ပါတယ် P လုပ်ငန်းစုရဲ့ ပထမသား Park Jimin နဲ့ Aurora လုပ်ငန်းစုရဲ့ အငယ်ဆုံးသမီးလေး Kim Hyemi တို့ အတွဲ ဖြစ်ပါတယ်"

တိုက်ရိုက်ထုတ်လွင့်သည့် တီဗီအစီအစဉ် တစ်ခုတွင် ဖြစ်သည်။ စင်အောက်မှာလည်း အချစ်ရေးနဲ့ ပတ်သက် သည့် မေးခွန်းများအား စိတ်ဝင်စားသဖြင့်လာသော ပရိသတ်များရှိသလို သူတို့နှစ်ယောက်ကို လေးစားအားကျ လို့ လာသည့် ပရိသတ်များလည်း ရှိသည်။ ပရိသတ်အပေါင်း၏ လက်ခုပ်ဩဘာသံ တညံ့ညံ့ကြောင့် စင်မြင့် ထက်ပေါ်က စီးပွားရေးလောကရဲ့ Adam နဲ့ Eve လို့ တင်စားရလောက် အောင်သည်အထိ လူအများ အားကျ ရသော စုံတွဲက ဂုဏ်ယူဝံ့ကြွားနေဟန် ပေါ်၏။ Park Jimin က တည်ငြိမ် ရင့်ကျက်သောဟန်ဖြင့် Kim Hyemi ကတော့ ကလေးဆန်ဆန် နူးညံ့သိမ်မွေ့ဟန်။ ခန့်ညားချောမောမှုထက် လွန်ကဲ၍ ယောက်ျားလေးတန်မဲ့ လှပ သော Park Jimin ၏ အလှကို Kim Hyemi ရဲ့ ကြော့ရှင်းလှပသော အလှကလည်း အမှီလိုက်နိုင်သည်။ ဖူးစာရေးနတ်ကိုယ်တိုင် အထက်ဘုံက ဆင်းပြီး အောင်သွယ်ထားသလို ပြီးပြည့်စုံမှု ဘယ်လိုပဲကြည့်ကြည့် သူတို့နှစ်ယောက်က လိုက်ဖက်နေလေ၏။

Adam and CasanovaOnde histórias criam vida. Descubra agora