ထိုအခါမျိုးတွင် ငယ်က နားမလည်သည်များကို ဒရယ်ဂွန်နဲ့အတူ တိုင်ပင်တတ်ပြီး နောက်တစ်လအတွက် အချိန်ဇယားကိုလည်း အကြမ်းဖျဥ်းအကွက်ချပေးတတ်သည်။ ကိုယ်ဝန်ဆောင်နေသော်လည်း ငယ့်သည် ကုမ္ပဏီလုပ်ငန်းများကို လက်လွတ်လိုက်တာမျိုးကို မလုပ်ရသေးပေ။

အခုချိန်ထိငယ်သည် Nge Groupရဲ့ CEOရာထူးတွင် ရှိနေဆဲဖြစ်လေသည်။

"ဒရယ်ဂွန်..."

"ပြောပါ မမလေး......"

"ထည်ဝါ့ အလုပ်ကိစ္စတွေရော အဆင်ပြေရဲ့လား။ ပြီးတော့ တစ်ခုခုမှားနေတာမျိုးရှိနေလား။"

"မရှိပါဘူး မမလေး။ နန္ဒနဲ့ကိုမှိုင်းနဲ့က အားလုံးကို အဆင်ပြေပြေလုပ်နိုင်နေပါတယ်။"

"ကိုမှိုင်း ငယ့်ဆီကိုဖုန်းဆက်တယ်။ ဆက်တာကတော့ သူ့ဆီကိုပါ၊ အဲ့ဒီနေ့က သူ, ထည်ဝါလေးနဲ့ဘောလုံးကစားနေတာနဲ့ ငယ်ကပဲ ဖုန်းကိုကိုင်လိုက်တာ..."

ကိုယ်ဝန်အရင့်အမာကြီးနှင့် ငယ်သည် အခန်းထဲရောက်သည်နှင့် ချက်ချင်းမထိုင်သေးပဲ ပြတင်းပေါက်ရှိရာသို့ဖြည်းဖြည်းချင်းလျှောက်သွားပြီး ဒရယ်ဂွန်နဲ့စကားစပြောနေရင်းကနေ ကြာလာသည်နှင့် သမီးငယ်၏ပုံစံသည် တစ်ခုခုကိုထိတ်လန့်နေပုံရပြီး၊ ဝမ်းနည်းနေသည့် သွင်ပြင်တို့ကို ဖော်ပြလာလေသည်။

"ကိုမှိုင်းလက်ရှိလုပ်နေတဲ့ 'စိန်စီရီခြယ်'လုပ်ကွက်ဟောင်းနေရာနားက ရွှေကြောကနေ ဖယ်ပေးလိုက်ရပြီ။ အဲ့ဒီနေရာက ရွှေချိန်တော်တော်များများရဖို့ကို အင်းမိထားတာဆို..."

"ဟုတ်တယ် မမလေး....'စိန်စီရီခြယ်'က လုပ်ငန်းပျက်သွားထဲက ကျွန်တော်တို့ပစ်ထားခဲ့ကြတာတော်တော်ကြာပြီ။ အခုမှ အဲ့ဒီနေရာက ရွှေပြန်ထွက်နေတယ်ဆိုလို့ သခင်လေးတောင် ကျေနပ်နေတာ။"

"ဟုတ်တယ်...အခုတလော သူ့ကိုကြည့်ရတာ တော်တော်လေးကို ပျော်နေပုံရတယ်။ အလုပ်ကိစ္စတွေရော ပြီးတော့ကလေးတွေနဲ့ပါအဆင်ပြေနေတော့....အခုကိစ္စကိုသာ သူ့ကိုအသိပေးလိုက်ရင် သူတစ်ခုခုတုန့်ပြန်လိုက်မှာကို ငယ်စိုးတယ်"

သမီးငယ်၏ထိုအပြာကို ဒရယ်ဂွန်အနေနဲ့ ကောင်းကောင်းကြီး သဘောပေါက်သည်ကြောင့် ခေါင်းကို ငြိမ့်ပြမိသည်နှင့်ထပ်တူ အနည်းငယ်တော့ စိတ်ထဲတွေဝေသွားမိသည်။

အချစ်ဦး (Completed)जहाँ कहानियाँ रहती हैं। अभी खोजें