"ဟဲ့!နင် ငါ့သားကိုဘာလုပ်လိုက်တာလဲ!"
"ကျွန်!ကျွန်တော် ဘာမှမလုပ်ဘူး!"
"နင်မလုပ်ဘဲ ငါ့ကလေးကငိုမလား!"
"အမကလေး လဲကျသွားလို့ ကျွန်တော်ထူပေးတာ!"
"လူလိမ်!"
"ကျွန်တော် မလိမ်ဘူး!"
"လိမ်နေတာ!ထူပေးရုံလောက်နဲ့ ကလေးက ငိုမလား!နင်မရိုးသားတာ!မှန်မှန်ပြောစမ်း နင်!ဟင်!"
"ကျွန်တောမလိမ်ဘူး!ကျွန်တော်အမှန်အတိုင်းပြောနေတာ!ကျွန်တော့်ကိုလွတ်!"
" အမလေး!"
"ဟင်!"
ထိုအမျိုးသမီးကဆွဲလား ရမ်းလာတွေလုပ်တာကြောင့် Mask ကျွတ်သွားလေသည်။Maskကျွတ်သွားသည်နှင့် ပေါ်သည့်မျက်နှာဟာ တကယ်ပင်လန့်သွားစရာ။မျက်ခုံးလုံးဝမရှိဘဲ နဖူးမှာ အမာရွတ်တွန့်တွန့်များ၊ညာဘက်ပါးတစ်ခြမ်းလုံးမှာ အနာကျက်ခါစနီရဲပြဲလန်နေသည့် အသားတွေ၊နူတ်ခမ်းဟာနူတ်ခမ်းနှင့်ပင်မတူ ပုံပျက်ပန်းပျက်ကိုဖြစ်နေ၏။ထို့ပြင် ဘယ်ဘက်ပါးတွက်လဲ ဟက်တက်ကွဲရာချည်းက အတိုင်းသား။
Maskကျွတ်သွားပြီဆိုသည့်အသိကြောင့် ယင်းယာ လက်မောင်းနဲ့ မျက်နှာကိုကွယ်ပစ်လိုက်သည်။သို့သော်...၊
"ဟဲ့!ဟဲ့ အဲ့လူကိုကြည့်ပါအုန်း!"
"အေးဟယ်!မျက်နှာကြီးက ရွံစရာကြီး!"
"ဟဲ့!သူ့အနားမကပ်နဲ့လေ!ဒီဘက်တိုးလျှောက်လာ!"
"မျက်နှာကြီးကကြောက်စရာကြီး!မီးမီး သူ့နာမကပ်နဲ့!"
"ဒီလောက်ဖြစ်နေတာမျက်နှာကြီးကဟယ်!လူတောင်ဟုတ်ရဲ့လား!"
ကြားအောင်ရော မကြားအောင်ရော ပြောနေသည့်စကားတို့နှင့် သူ့ကိုရှောင်ဖယ်သွားသည့် လူများကို သူပြန်လည်းမကြည့်ရဲပါ။ရှက်ရွံခြင်းကြောင့် သူထိုနေရာမှပြေးထွက်ခဲ့၏။
**************************
တံတားဘောင်ပေါ်မှာထိုင်ရင်း မြစ်ရေပြင်ကိုကြည့်ကာ ယင်းယာကို့အဖြစ်ကို နာကျင်နေမိသည်။ဘယ်ဘဝက ဝဠ်ကြွေးများကြောင့် အခုလောက်ထိသူ့ဘဝကို ရက်စက်ရပါသလဲ။ရှက်ရွံနာကျင်စိတ်များကြောင့် အသက်ရှင်စိတ်များပင်ရှိမနေပါ။ဒီလောကမှာ သူဟာဘာအတွက်အသက်ရှင်နေရပါသလဲ။သူတကယ်ပဲမတွေးတတ်ပါ။ဒါတွေအားလုံးရဲ့တရားခံဟာ လင်းလက်ယာ။
YOU ARE READING
TELEPATHY [Complete]
Romance"ခင်ဗျား ဘယ်သူလဲ?" "ကိုကမင်းလေ!မင်းရဲ့Parallel Worldက ယင်းယာ!" "ခင္ဗ်ား ဘယ္သူလဲ?" "ကိုကမင်းလေ!မင်းရဲ့Parallel Worldက ယင်းယာ!" Star Date _ 18.8.2022(28.7.2022) End Date _ 26.11.2022
Part-6[Uni&Zaw]
Start from the beginning
![TELEPATHY [Complete]](https://img.wattpad.com/cover/319706131-64-k614561.jpg)