"အင်းးး....အာ ဟုတ်တာပေါ့။
အရေးကြီးဆုံးအခိုက်အတန့်ဖြစ်တဲ့..."ထိုမျှသာပြောပြီး အလင်းသည် စကားကိုမဆက်သေးပဲ သမီးငယ်၏ ကိုယ်ဝန်ဆီသို့ 'ဒါပဲ အရေးတဲ့အခိုက်အတန့်မဟုတ်လား' ဆိုသည့် သဘောမျိုးနှင့်စိုက်ကြည့်တော့သည်။
အမူအရာကိုကြည့်ရုံနှင့်တင် နေခြည်သည် သူ့အဒေါ်ကို မဝံ့မရဲနဲ့
"အန်တီလေးနော်..." ဟု သတိပေးသည်။"ငါပြောမယ် နေခြည်။ ထည်ဝါ့ကို နင်တို့ချစ်သလို ငါလည်းချစ်တာပဲ။ ငါအခုပြောနေတယ်ဆိုတာက...."
နောက်ထပ်ပြောလာမည့် အလင်း၏စကားကို အားလုံးက နားစိုက်နေခိုက်တွင် တရှုံ့ရှုံ့နဲ့ ငိုသံသဲ့သဲ့က သမီးငယ်ထံကနေထွက်လာသည်။
ထိုအခါမှ လခြမ်းကွေးသည် မြေးမငယ်လေး လရောင်ကိုချီပွေ့ထားလျက်ကပင် ငယ့်အနားကို ချက်ချင်းရောက်လာပြီး ချော့မြူသည်။
"မငိုရဘူးနော် ငယ်။ မငိုနဲ့ သိလား။
ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာငိုရင်လေ...မွေးလာရင် မျက်လုံးပြူးတတ်တယ်။""ဟော...ဘယ်သူ မျက်လုံးပြူးတာလဲ ကျွန်တော့်အကွေးရဲ့"
"မွေးလာတဲ့ ကလေးပေါ့။ ကောင်းကလည်း ဒါလေးတောင်မသိဘူး။ "
"ဟုတ်ပါပြီ...ပေးပါဦး ကလေးလေး။
ကျွန်တော် ကူချီပေးမယ်လေ။"
ပြောပြောဆိုဆိုနဲ့ပဲ ကောင်းသည် အကွေးလက်ထဲက လရောင်လေးကို ချီပွေ့ထားလိုက်သည်။ထိုအခါမှာ အကွေးသည် ချက်ချင်းပဲ သမီးငယ်၏မွေ့ရာအထက်မှာ ဝင်ထိုင်ရင်း သမီးငယ်၏လက်ချောင်းလေးတွေကို ဆုပ်ကိုင်ထားပေးသည်။
အကွေးပဲ ခံစားရတာလားတော့ မသိပေမယ့် ဒီနေ့မှ သမီးငယ်၏လက်ချောင်းလေးတွေက အနည်းငယ်တုတ်နေသလို မျိုးမို့ ထိုလက်ကလေးတွေကို အသေအချာငုံ့ကြည့်မိလိုက်သည်။
"လက်တွေ ရောင်နေတာလား ငယ်..."
အကွေးရဲ့ထိုအမေးမှာ ချက်ချင်းပဲ လှုပ်လှုပ်ရှားရှားဖြစ်သွားသူက အလင်းပင်။ အခြေအနေကို နားလည်စွာပင် နေခြည်သည် အလင်းလက်ထဲက ကြယ်ရောင်လေးကို ခေါ်ယူလိုက်သည်။
YOU ARE READING
အချစ်ဦး (Completed)
အပိုင်း (၃၃)
Start from the beginning