"တောက်စ်! ဒီကောင်မကတော့ မနက်တိုင်း အရက်ဖိုးပေးခဲ့ပါဆိုတာကိုကွာ''
ဖေဖေ၏ တောက်ခေါက်သံကြောင့် မြူဒေါင်း၏ ကိုယ်လေးကမှာ တုန်ယင်သွားရသည် ။ မဝင့်မရဲမျက်နှာလေးနဲ့ ဖေဖေအား တစ်ချက်မော့ကြည့်လိုက်ရင်း သူ့လုပ်အားခလေးထဲက ပိုက်ဆံနည်းနည်းထုတ်ပေးဖို့ စဥ်းစားလိုက်ပြီး ။
"ဖေဖေအရက်သောက်ချင်ရင် သားစီက ပိုက်ဆံနည်းနည်းယူမလားဟင်''
"မင်းမှာ ပိုက်ဆံရှိလို့လား''
"ဟုတ် မနေ့က ပန်းရောင်းရတာလေး နည်းနည်းတော့ ကျန်ပါသေးတယ် ဖေဖေ''
"အဟေး ဟေး....ဒါဆို အဖေ့ကို အဲ့ပိုက်ဆံတွေအခုပေးလိုက်လေ သားရာ''
"ဟို....အကုန်တော့ပေးလို့မရဘူးလေ ဖေဖေရယ် ၊ သားပန်းရောင်းဖို့ အရင်းတော့ကျန်မှဖြစ်မှာမလို့ပါ''
"ဟာကွာ..... ဒါဆိုလဲ ရသလောက်ပေးစမ်း! ငါအရက်သောက်ချင်နေလို့ အေ့....''
"ဟုတ်ကဲ့ပါ ဖေဖေရယ် ခဏနော် သားသွားယူပေးမယ်''
မြူလည်း အိပ်ရာနားက လွယ်အိတ်လေးထဲ လက်နှိုက်လိုက်ပြီး ပိုက်ဆံအကြွေအထပ်လိုက်လေးကို ယူလိုက်ပြီး ထိုထဲက ငါးရာတန် ပိုက်ဆံရွက် အနွမ်းလေးကိုယူရျ် ဖေဖေကိုပေးလိုက်တော့သည် ။ ဖေဖေက နှခေါင်းရှုံ့ရျ် ဒါလေးပဲလားလို့ ပြန်မေး၏ ။ မြူဒေါင်းလည်း မတတ်နိုင်ပါ သည်ပိုက်ဆံလေး ငါးရာရဖို့အရေးကိုတောင် နေပူကျဲကျဲ ကားမီးပွိုင့်တစ်ချို့မှာ လိုက်ရောင်းခဲ့ရတာပဲ ဖြစ်၏ ။
ဖေဖေက မကျေမနပ်ရေရွတ်ရင်း အရက်ဆိုင်ကို ထွက်သွားတော့သည် ။ မြူဒေါင်းမှာ သက်ပြင်းရှည်ချပြီးသာ ကျန်ခဲ့ရသည် ။ ထမင်းအိုဆူပြီမို့ လက်သုပ်ဝတ်အညစ်စုတ်လေးအားယူပြီး ထမင်းရည်ခံလိုက်ကာ မီးဖိုပေါ်သို့ ဒယ်အိုးတင်ရျ် ဆီသတ်၊ဟင်းချက်ရပြန်ပါသည် ။ အားလုံးပြီးသွားတော့မှ ထမင်းချိုင့်ခူးပြီး လွယ်အိတ်လေးလွယ်လို့ သူ့တစ်နေ့တာအလုပ်လုပ်ဖို့ စထွက်ရတော့၏ ။
စံပယ်ပန်းကုံးတွေကို ကိုင်လို့ တစ်လမ်းဝင်တစ်လမ်းထွက် ရောင်းလိုက် ၊ ကျောင်းရှေ့ရောင်းလိုက် နဲ့ နောက်ဆုံးတော့ ကားမီးပွိုင့်ကိုသာ ရောက်လာခဲ့တော့သည် ။ ကျောင်းက မြူနဲ့ရွယ်တူ ကလေးတွေကိုမြင်တိုင်း မြူကျောင်းသိပ်တတ်ချင်သည် ။ သို့သော် ဘဝပေးအခြေအနေနှင့် မျှော့်လင့်ချက်မရှိနိုင်တော့ပေ ။
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။