အခန်း(၁၀)

Start from the beginning
                                    

ရေမိုးချိုးကာ မနက်ဖြန်ထပ်ရမည့် Assignmentကို ရေးနေလိုက်သည်။ ရေးနေရင်း ညနေက ဒေါ်မေဖြူစင်နှင့် ပြောသောစကားကို အမှတ်ရလာသည်။ စိုးကြီးကို လိုက်ပို့ပြီး အပြန်တုန်းက ကားထဲမှာ ဒေါ်မေဖြူစင်နှင့် စကားပြောဖြစ်ကြသေးသည်။
ဒေါ်မေဖြူစင်က

'မင်းစက်ဘီးစီးတာ ကျွမ်းမယ့်ပုံပဲ' ဟုစကားစသည်။

'ကျွမ်းတယ်ရယ်လည်း မဟုတ်ပါဘူး၊ ဒီလိုပါပဲ'

'တို့ကို စက်ဘီးစီးသင်ပေးပါလား'

'ဟင်၊ အန်တီ မစီးတတ်ဘူးလား'

'ဟင့်အင်း ငယ်ငယ်ကဆို ခင့်နောက်ကပဲ အမြဲလိုက်တာ၊ ဆိုင်ကယ်က မမောင်းရဲလို့မမောင်းဘူး၊ ရန်ကုန်မှာကားပဲ မောင်းနေကျ'

'အန်တီက ဘာလို့သင်မှာလဲ၊ ကားရှိတာပဲကို၊ စက်ဘီးကမှ နင်းရတာ မောနေဦးမယ်'

'မင်းစက်ဘီးစီးတာ အားကျလို့' တဲ့။
ဝေ ဘာမှမပြောနိုင်ခင်
'ခင်တို့အိမ်မှာ မိန်းမစီးတစ်ဘီးရှိတယ်၊ အဲ့ဒါနဲ့ သင်ပေးလို့ရမလား'

သူသင်ချင်ရင် အန်တီခင့်ကို သင်ခိုင်းလို့ရတာပဲဟု တွေးနေစဉ် နှုတ်မှ
'အဲ...ဟို....'

"သင်မပေးချင်ဘူးလား"

"မ..မဟုတ်ပါဘူး...အဆင်ပြေပါ့မလားလို့၊ ဝေက တစ်ခါမှ သူများကို အစီးသင်မပေးဘူးတော့လေ'

'အို အဆင်ပြေမှာပါ၊ ခုလာမယ့် ကျောင်းပိတ်ရက် သင်ရင်ဖြစ်မလား'

'ဟုတ်'

အား....။ ငါဘာလို့ ဟုတ်လို့ပြောခဲ့တာလဲ။ စာတွေများလို့ဆိုပြီး ငြင်းခဲ့ရမှာ။ သေပါတော့ ဝေရယ်။

စနေနေ့တွင် ဝေအိပ်ရာမှ မနိုးခင် စိုးကြီးကဖုန်းတဂွမ်ဂွမ်ဆက်နှိုးနေသည်။ မနက်စောစောစီးစီး ကျောပိုးအိတ်တစ်လုံးနှင့် ခွေးတစ်ကောင်နှင့် လမ်းလျှောက်ထွက်လာသော စိုးကြီးကို စိတ်ထဲမှ မေတ္တာပို့သည်။ ဝီရိယကောင်းသော စိုးကြီးကို ဖေဖေက ဝေ့ရှေ့မှာပင် ချီးကျူးသည်။ ချီးလည်းကျူးရင်း ဝေ့ကိုလည်း နှိပ်ကွပ်ရင်းပေါ့။

'စိုးကြီးရာ၊ ဘာလို့အစောကြီးလဲဟာ၊ ငါကတော့ ပြန်အိပ်မှ ကျေနပ်မယ်'

အချစ်လေတံခွန်Where stories live. Discover now