အပိုင်း (၃၀)

Start from the beginning
                                    

"အိုကေ...၊ဒါဆိုလည်း မနက်စာစားပြီးရင် သွားအိပ်ကြတော့။ ဘာမှစိတ်မပူနဲ့ ဒယ်ဒီအဆင်ပြေအောင်လုပ်ပေးမယ်။ ကျွန်တော်ကို ယုံနော် အကွေး...."

နေခြည်ကို ကြည့်ကာပြောနေရင်းမှ သူမထံသို့ ငုံ့ကိုင်းကာ ကြင်နာပြသော ကောင်းကို သူမတော့သိပ်ချစ်လွန်း၍ဖြစ်မည်၊ နေခြည်ရှိနေတာတောင်မှပဲ ကောင်းပါးပြင်လေးကို နမ်းလိုက်မိသည်။

ရုတ်တရပ်အနမ်းခံလိုက်ရသည့်ကောင်းသည် နမ်းပြီးမှ မျက်နှာတစ်ခုလုံးရဲတွတ်နေသည့် ချစ်ရသူလခြမ်းကွေးကွေးလေးကို အူယာစွာနှင့်ပင် သူမ၏နဖူးပြင်ဆီကို စူးနင့်နင့်တစ်ချက်နမ်းကာ နေရာကနေထွက်ခဲ့တော့သည်။ မဟုတ်လျှင် ဖြစ်ပျက်နေတာတွေကိုမေ့ပြီး အကွေးကိုပဲ ကြည့်ကာအကွေးအနားမှာပဲ နေနေမိမည်ဖြစ်သည်။

လက်ရှိပြသနာတွေအတွက် ကောင်း စာကြည့်ခန်းအတွင်းကို ဝင်လိုက်သည်နှင့် လျော့ရဲရဲထိုင်နေကြသော ဒရယ်ဂွန်တို့သုံးယောက်ကိုတွေ့လိုက်ရလေသည်။

"အကိုကြီး...."

သူ့ကိုမြင်သည်နှင့် ချက်ချင်းပဲ ခပ်မတ်မတ်ထိုင်လိုက်သည့် ဒရယ်ဂွန်သည် တော်တော်လေးကိုခေါင်းမာသည့်ကောင်ဖြစ်သည်။ ဒရယ်ဂွန်နှင့်တူစွာပင် နန္ဒနှင့်ကိုမှိုင်းသည်လည်း သူ့တို့သခင်လေးဟုခေါ်သော မိမိ၏သားငယ်မှအပ မည်သည်ကိုမှ သခင်အဖြစ်သတ်မှတ်ထားပုံမပေါ်ပေ။

"အကိုလေးကောင်း...."

ဟုတ်သည်။ သူ့အား သူ့အဖေ၏လူများသည် အကိုလေးကောင်းဟုသာ ခေါ်ကြတာဖြစ်သည်။ တကယ်ဆို ကိုမှိုင်းနှင့်နန္ဒသည် သူ့အသိုက်ဝန်းမှမဟုတ်ပဲ သူ့အဖေ၏လူများဖြစ်ကြသည်။ ဒါကြောင့်လည်း သူပြော၍မရတာဖြစ်မည်။

"မင်းတို့တွေ သွားနိုင်ပြီ..."

နေခြည် တစ်ညလုံးမေးနေသည့်တိုင်အောင် တစ်ခွန်းမှထုတ်မပြောလျှင် အခုနေသူထပ်မေးလျှင်လည်း အလားတူပဲဖြစ်လိမ့်မည်။ သူ့အနေနဲ့ဖြစ်ကြောင်းကုန်စင်ကို သိထားချင်သော်လည်း ထပ်ပြီးအချိန်တွေ အကုန်မခံချင်တော့ပေ။

ဒီတစ်နည်းနဲ့မဟုတ်လျှင် နောက်ထပ်နည်းလမ်းတစ်ခုခုနဲ့တော့ သူရအောင်စုံစမ်းရမည်ဖြစ်သည်။

အချစ်ဦး (Completed)Where stories live. Discover now