အပိုင်း ၂၃

Start from the beginning
                                    

"ဘာကြောက်စရာ ရှိလို့လဲ?"

ခပ်ကျယ်ကျယ် အသံနဲ့ " နင် ကတိ တည်မှာလား ?"

ကူကျန်းက ရုတ်တရက်ရယ်လိုက်ပြီး"မင်း ကတိတည်သရွေ့  ငါလည်း သေချာပေါက်ငါရဲ့ ကတိတည်နိုင်တယ် "

"ဘာစောင့်နေသေးတာလဲ မြန်မြန် သွားမယ်လာ" လို့ငါပြောလိုက်တော့ ကူကျန်းက ငါ့ကိုဆွဲထားပြီး"မင်းနောင်တမရမှာ သေချာလား ?"

"နောင်တရစရာ ဘာရှိလို့လဲ ?"

ငါတစ်ခုခုစဉ်းစားမိသွားပြီး "နင်လည်း နောင်တရ နေဖို့ မစဉ်းစားနဲ့ "လို့ ပြောလိုက်တော့ ကူကျန်းက ပြုံးလိုက်ရင " ငါ လုံးဝ နောင်တရမှာ မဟုတ်ဘူး "

သူ အစားသောက်တွေထည့်ထားတဲ့ ပုံးကို အောက်ချလိုက်ပြီး အဖုံးကို ဖွင့်လိုက်တဲ့အခါ အထဲမှာ တကယ်ပဲ တရုတ်ဘဲကင် တစ်ကောင်ရှိနေတာပဲ ။

   "မင်း အရင်စားလိုက် ပြီးရင် ငါတို့ သွားကြမယ် " ပြောလာတယ် ။

အစကတော့ ငါလည်း အစားစားချင်စိတ် မရှိပါဘူး ။ ဒါပေမဲ့ သူ့ပုံစံကြည့်ရတာ ငါ မစားရင် သေချာပေါက် ငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူး ။ အဲ့တာနဲ့ တူတွေကို ကောက်ကိုင်လိုက်ပြီး ဘဲကင်ကို စားလိုက်တယ် ။ အမှန်တိုင်းပြောရရင် ငါ့ရဲ့ လည်ချောင်းတွေနဲ့ ပါးစပ်တွေ အကုန် နာကျင်နေခဲ့တာ ။ လျှာတွေကပါ ထုံကျင်နေပြီး ဘဲကင်ကို ပါးစပ်ထဲမှာ ဝါးနေရတာတောင် ဘာအရသာကိုမှ ခံစားလို့မရဘူး ။ ဒါပေမဲ့ ငါအမြန်ပြီးအောင် စားလိုက်ပြီး တူကိုအောက်ချလိုက်ရင်းနဲ့ "သွားစို့ " လို့ပြောလိုက်တယ် ။

ဒါပေမဲ့ ကူကျန်းက ငါ့ကို ကြည့်လာပြီး " စား‌လို့ကောင်းလား ?" လို့မေးလာတယ် ။
ငါလည်း ဒီတိုင်း ခပ်မြန်မြန် ခေါင်းညိမ့်ပြလိုက်တော့ ၊ သူ ဘာမှဆက်မပြောတော့ဘဲ ကောင်းကင်က လုံးဝန်းနေတဲ့ လမင်းရှိရာ ဘက်ကို ပဲ အကြည့်လွှဲ သွားတယ် ။

ခဏကြာတော့ အမွှေးပွခြုံထည်တစ်ထည်ကို ကောက်ယူလိုက်ပြီး ငါ့မျက်နှာတစ်ဝက်လောက် ဖုံးသွားလောက်အောင် ခြုံပေးရင်းနဲ့ "သွားကြမယ် " လို့ပြောလာတယ် ။

ကူကျန်းရဲ့ သိုင်းပညာကတော့ အတော်လေးကို မြန်တာပဲ ။ သစ်ပင်ကသစ်ရွက်တွေ‌တောင်မှ ငါ့မျက်စိရှေ့ကနေ ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားတာကိုပဲမြင်နိုင်တော့တယ် ။ သိပ်မကြာလိုက်ခင်မှာပဲ မြင့်မားတဲ့ ခေါင်မိုး‌တစ်ခုပေါ်ကနေ အုတ်တံတိုင်းအောက်ခြေတစ်ခုကို ဆင်းလိုက်တော့ ၊ရုတ်တရက် ဒီအုတ်တံတိုင်းတွေက ငါနဲ့ အတော်လေး ရင်းနှီးနေသလိုပဲ ။

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now