အပိုင်း -၁၂

141 33 5
                                    


东宫 Eastern Palace: Chapter 12

လီချန်းရင်လဲကျ မသွားအောင် ငါ့လက်တွေနဲ့ထိန်းပေးထားရပြီး ၊ ဒဏ်ရာ သွေးတွေ အဆက်မပြတ်ထွက်နေတာကြောင့် သူ့ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးကလည်း သွေးတွေနဲ့ ရွှဲနစ်နေတာပဲ ။

ငါစိတ်ပူနေရင်းနဲ့ တစ်ပြိုင်နက် ကြောက်နေမိတယ် ။

"မင်း ထိခိုက်မိသွားသေးလား? ......" လို့သူက မေးလာတယ် ။

သူစကားပြောလို့ မဆုံးသေခင်မှာပင် ပါးစပ်ထဲကနေသွေးတစ်ပွက် အန်ပြီးနေပြီ ။

သွေးတွေကငါ့ဝတ်ရုံပေါ်အထိတောင် စီးကျလာတယ် ။

  ငါအမြဲတမ်း လီချန်းရင်ကို မုန်းနေခဲ့ပေမဲ့ သူ့ကို တော့ ဘယ်တော့မှ မသေစေချင်ခဲ့ဘူး ။


ငါ့သူ့လက်တွေကို ဆုပ်ကိုင်ထားခဲ့တယ် ။ သူ့ပါးစပ် တစ်ခုလုံး သွေးတွေနဲ့ချည်း ပြည့်နေပေမဲ့လည်း သူက ရယ်နေရင်းနဲ့ :

"ငါ မင်းငိုတာ အရင်က မမြင်ခဲ့ဖူးဘူး ............. မင်း မုဆိုးမ ဖြစ်လာမှာ ကိုကြောက်နေတာမလား ?...."

ဒီအခိုက်အတန့်မှာ သူက စနောက်နေတာဖြစ်ပေမဲ့ ၊ငါ့မျက်ရည်တွေက ပိုလို့ တောင်ကျလို့လာတယ် ။

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

ဒီအခိုက်အတန့်မှာ သူက စနောက်နေတာဖြစ်ပေမဲ့ ၊
ငါ့မျက်ရည်တွေက ပိုလို့ တောင်ကျလို့လာတယ် ။

အလောတကြီးနဲ့ သူ့ဒဏ်ရာကို လက်နဲ့ အုပ်ထားပေးဖို့ကြိုးစားပေမဲ့လည်း ဒဏ်ရာက ဆက်ပြ သွေးထွက်တာပိုများလာတုန်းပဲ ။

ငါအရမ်းကို ကြောက်နေမိတယ် ။

နန်းတွင်းသူတွေအမြောက်အများ ပြေးဝင်လာကြပေမဲ့ တချို့ကလည်း သွေးတွေကို မြင်ပြီးမေ့လဲတဲ့သူတွေလည်း ရှိကြတာကြောင့် နန်းဆောင်တစ်ခုလုံး က ထိန့်လန့်တကြား ဝရုန်းသုန်းကားအခြေအနေပဲ ။

Eastern Palace (Goodbye my princess Myanmar Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ