အပိုင်း ၁၇.၂

138 32 1
                                    

东宫 17.2

ငါ သမ်းဝေရင်းနဲ့ ယုန်ညန့်ကို မေးလိုက်တယ် ။

"ဘာဖြစ်ပြန်ပြီလဲ?"

"အဆောင် ပစ္စည်းတစ်ခုကို ရွှီပေါင်လင်ရဲ့ အိပ်ယာအောက်ကနေ ရှာဖွေ့တွေ့ရှိခဲ့ပါတယ် ။ ပြောတာတော့ အဲ့တာက စုန်းအတတ်နဲ့ ပြုစားတဲ့ ပစ္စည်းမျိုးပါ။ အရုပ်ပေါ်မှာ ကျောက်လျန်းတိရဲ့ မွေးရက်ကို ရေးထွင်းထားတာတွေ့ရ ပါတယ်တဲ့ ။
အခု ကျောက်လျန်းတိက ရွှီပေါင်လင်ကို ဖမ်းဆီးလာပြီးထိုက်ဇစ်ဖေးရဲ့ နန်းဆောင် အပြင်ဘက်မှာ စောင့်ဆိုင်းနေပါတယ် ။ ထိုက်ဇစ်ဖေး  ဒီကိစ္စကို ဖြေရှင်းပေးတော်မူပါ "

ငါပင်ပန်းနေပါတယ်ဆိုမှ ဒေါသထွက်အောင်လာလုပ်နေပြန်ပြီ ။

"ဘာကိစ္စကြီးကြီးကျယ်ကျယ်မို့လို့လဲ ? အဆောင်လက်ဖွဲ့တစ်ခုပဲ မဟုတ်ဖူးလား ? ကိစ္စသေးသေးလေးကို ကြီးကြီးကျယ်ကျယ် ဖြစ်အောင်လာလုပ်နေတယ် ။ နှစ်သစ်ကူးတောင် မပြီးသေးဘူး ။ ရွှီပေါင်လင်က လည်း အဲ့လောက်မရူးပါဘူး ။ပြီးတော့ ဒီလက်ဖွဲ့က ကျောက်လျန်းတိကို သေအောငါ ကျိန်စာတိုက်နိုင်မှာမို့လို့လား ။ ကျောက်လျန်းတိက ကောင်းကောင်းကြီး အသက်ရှင်နေတာပဲ မဟုတ်လား! "
 

ယုန်ညန်က ငါ့ကို ပြောလာတာက " စုန်းအတတ်ပစ္စည်းတွေဆိုတာ နန်းတော်ထဲမှာ တားမြစ်ထားတာပါ ။ ထိုက်ဇစ်ဖေး မသိသေးလို့ပါ လွန်ခဲ့တဲ့ ဆယ်နှစ်က ချန်ကျန်းက လွန်လေပြီးတဲ့ ဧကရာဇ် အရှင်ကို ကျိန်စာတိုက်ဖို့ စုန်းအတတ်ပစ္စည်းကို အသုံးပြုခဲ့တာကြောင့်  ရလာဒ်အနေနဲ့ အဆိပ်သောက် သတ်သေဖို့ ဖိအားပေးခြင်းခံခဲ့ရပြီး မိသားစုတစ်စု လုံးသုတ်သင်ခံခဲ့ရပါတယ် ။ အင်ပါယာကို တည်ထောင်ခဲ့စဉ် အချိန်ကာလတုန်းကလည်း ဝူမိဖုရားခေါင်ကြီးကလည်း ရွှီ ကွေ့ဖေး အပေါ်ကို မကောင်းကြံဖို့ စုန်းအတတ် ပစ္စည်းကိုသုံးခဲ့တာကြောင့် သာမန်လူအဖြစ်နဲ့ နန်းချခြင်းခံခဲ့ရတဲ့ အပြင် သူမရဲ့ သားဖြစ်သူ‌ တောင်မှ အိမ်ရှေ့စံ အရိုက်အရာကို ဆက်ခံခွင့်မရရှိခဲ့ပါဘူး........... "

ခေါင်းတွေပါ ကိုက်လာပြီ ။ ယုန်ညန် လွန်ခဲ့တဲ့ နှစ်တရာလောက်က အကြောင်းတွေကို ပြန်ပြောပြနေရင် နားမထောင်ချင်ဘူး ။ငါအိပ်ယာကနေ ထလာပြီး နန်းတွင်းသူတွေကို ငါ့ကို အဝတ်အစားကူညီလဲလှယ်ပေးဖို့ ခွင့်ပြုပေးလိုက်တယ် ယ

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now