Part56(uni+zawgyi)

Start from the beginning
                                    

.........

"ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး စိတ်အကြီးအကျယ်ထိခိုက်မိလို့ ရှော့ရပြီး သတိလစ်သွားရုံပါ သတိရလာရင်အိမ်ပြန်ခေါ်သွားလို့ရပါပြီ"

ဆရာဝန်ကပြောပြီးထွက်သွားတာကြောင့် မင်းခန့်နဲ့ ရာဇာတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တယ်

ရာဇာက "ငါ့ကောင်ကြီးတော့ အချစ်နဲ့တွေ့မယ်ပဲရှိသေးတယ် ဆေးရုံတောင်ရောက်ရတယ်လို့"

"အပိုင်းတစ် ဇာတ်သိမ်းပေါ့ကွာ"

မင်းခန့်ကစလိုက်တာကြောင့် ရာဇာပါ မျက်နှာကပြုံးစစဖြစ်သွားတယ် ဒါပေမယ့်

"ဟေ့ကောင် မင်းကျပ်ကျပ်လှောင်နေ မင်းအလှည့်ကျရင်အဲ့လိုမဖြစ်ဖို့ဆုတောင်း"

"အိ"

ရာဇာအပြောကြောင့် မင်းခန့်အသံမထွက်ရဲတော့

သူငယ်ချင်းလေးသုံးယောက်ရှိပါတယ်

နှစ်ယောက်က တွေ့တာနဲ့ တစ်ကျက်ကျက် ကိုက်နေတာ ရာဇာဆိုတာလည်း လူကောင်သာသေးတာ အရာအားလူံးမှာ ဆရာကြီးလုပ်လွန်းလို့ အထိမခံတဲ့မင်းခန့်နဲ့ဆို ခွေးနဲ့ကြောင်လိုပင်
ခုလည်း အလုပ်ကနေ သူဌေးဖြစ်သူ သူငယ်ချင်းကောင်းမှုကြောင့် ဆေးရုံသာရောက်လာတယ် ကိုက်ကောင်းနေတုန်း

တအောင့်လောက်ကြာတော့ ခန့်ထယ်ဝါလည်းသတိရလာတာကြောင့်

"ကဲ ခန့်ကြီး အိမ်ပြန်မယ် စိတ်လျော့ပါကွာ ငါတို့မင်းအိမ်ကိုလည်းအလုပ်သမားတွေခေါ်ပြီး ရှင်းလင်းခိုင်းထားပြီးပြီကွ

မင်းသက်သာရင် ငါတို့ မင်းအိမ်ကိုလိုက်ပို့မယ်"

ခန့်ထယ်ဝါဘာမှမပြော ဘယ်သူ့ကိုမှလဲမကြည့် အကြာကြီး အဝေးကိုငေးနေတာ

မင်းခန့်တို့နှစ်ယောက်လည်း ခန့်ဘာပြောမလဲလို့စောင့်နေလေရဲ့

တော်တော်ကြာမှ

"ငါ အိမ်မပြန်ချင်သေးဘူးကွာ ငါပြန်လဲ နက်မှမရှိတာကွ"

"မင်းကလည်းကွာ အိမ်မပြန်တော့ မင်းက ဘယ်သွားမလို့လဲ"

"ငါ့ကိုတစ်ခုလောက်ကုညီကြပါဦးကွာ ငါ့ကုမ္ပဏီကို မင်းတို့ တစ်လလောက်ဖြစ်ဖြစ် တာဝန်ယူထားပေးစမ်းပါကွာနော်
ငါဒီကနေ ခဏလောက်ဖြစ်ဖြစ်ထွက်သွားမှရမယ် ငါကြာကြာနေရင် ရူးရလိမ့်မယ်ကွ"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now