Uni
ခုတော့ခန့်ရဲ့ပူနေတဲ့စိတ်တွေရေနဲ့ငြိမ်းလိုက်သလိုပဲ ပြောက်ကုန်တယ်
"မင်းကဒီမှာဘာလုပ်နေတာလဲ အခန်းထဲမနေပဲနဲ့ "
"ကိုကို အပြင်ထွက်သွားတော့ အလုပ်သမားတွေကြီးရှိတာ နက်ကဘယ်လိုအခန်းထဲဝင်နေလို့ရမှာလဲ"
"သွား သွား ခုဝင်တော့ ငါ့ဟာငါကြည့်လုပ်လိုက်မယ်"
"အရေးကြိးလို့ဆို မသွားတော့ဘူးလား"
"နင် အသံပိတ်ပြိး အခန်းထဲဝင်လိုက်တော့"
နက်ဘာမှမပြောဘဲ အခန်းထဲဝင်သွားတယ် အမှန်က နက်အိမ်မှာပဲရှိနေတာပါ
နောင်ဘေးမှာ ထမင်းစားနေတုန်းကိုကိုပြေးဆင်းလာတာမြင်လို့ ပုန်းနေလိုက်တာ
နက်ကိုမမြင်ပဲ အလုက်သမားတွေလာတော့ သော့ပါပေးပြီး အပြင်ထွက်သွားတာကြောင့် မိမိပဲ ပစ္စည်းတွေနေရာချဖို့လုပ်နေလိုက်တာ
နက်ကိုစကားမပြောချင်လို့များ အလုပ်သမားတွေကိုသော့ပေးခဲ့တာလားလို့တွေးပြီး ဝမ်းနည်းမိပေမယ့် ခုချိန်မှာ ကိုကိုကနက်ကိုစိတ်စိုးနေတာမလား
ထားပါလေ နက်လည်းနေတက်သလိုနေရမှာပေါ့
ခုလည်း ရေးကြီးသုပ်ပြာနဲ့ ပြန်လာပြီး နက်ကိုအခန်းထဲ အတင်းဝင်ခိုင်းနေပြန်ပြီလေ အမျိုးမျိုးတက်နိုင်တဲ့ ကိုကိုပါ
တခါးခေါက်လို့ဖွင့်လိုက်ပြန်တော့လည်း
"ကဲ မင်းခု အခန်းထဲကထွက် ငါ့အခန်းထဲမှာသွားနေ ငါမခေါ်မချင်းအပြင်ထွက်မလာနဲ့နော်"
နက်ခေါင်းငြိမ့်ပြလိုက်ပြီး ကိုကို့အခန်းထဲသာသွားနေလိုက်တော့တယ် ဘာမှတော့မေးမနေတော့ဘူး သူထားသလိုနေရမှာက နက်တာဝန်ပဲလေ
........
ကိုယ့်မှာတော့ သူများ ထွက်ပြေးသွားတာလားဆိုပြီး ပြေးရှာလိုက်ရတာ
သူကအိမ်မှာပဲရှိနေတာကို
ခန့်ထယ်ဝါဆိုတာ အဲ့လိုလုပ်ငန်းကြီးလုပ်နေတာတောင် နက်နဲ့ပတ်သက်ရင် ခုထိပြာရာခပ်နေတုန်းပဲ
YOU ARE READING
တစ်ချက်လေး စောင်းငဲ့ကြည့်ဦး
Randomမင်းက ငါ့အချစ်တွေနဲ့ မထိုက်တန်တဲ့မိန်းမပဲ ငါမင်းကို မင်းသေသွားရင်တောင် ပြန်ချသ်မှာမဟုတ်ဘူး ခန့်ထယ်ဝါ ကိုခန့်ဘယ်လောက်မုန်းမုန်း နက်နားကမထွက်သွားပါနဲ့နော် နက်က ကိုခန့်မရှိရင် သေမှာ ပုလဲနက်