Uni
နက် ကိုကို့အခန်းထဲက ထွက်လာပြီး အိပ်လိုက်တော့တယ်ပင်ပန်းလာတာရော အိပ်ရာဝင်နောက်ကျတာရောကြောင့် တော်တော်နဲ့ မနိုး
မနက်မိုးလင်းလို့ ကိုကိုနက်ရဲ့ လက်ကိုလာလှုပ်ပြီးနှိုးမှပဲ နိုးတော့တယ်
"နက် ဟေ့ နက်"
"ဟင် အင်း ကိုကို"
"ဘာလို့ဒီမှာအိပ်နေတာလဲ အခန်းထဲဝင်မအိပ်ပဲနဲ့"
.....
ခန့်ထယ်ဝါ မနက်အလုပ်သွားရမှာမို့ အစောကြီးထရမှာပေမယ့် အိပ်ယာအပြောင်းအလဲကြောင့် ပိုစောပြီး နိုးလာတယ်
နိုးနိုးချင်း အခန်းပြင်ထွက်လိုက်တော့ ဧည့်ခန်းထဲက ဆိုဖာမှာ အိပ်နေတဲ့ နက်ကြောင့် နှိုးလိုက်မိတယ်
.......
"အခန်းတွေက အိပ်ယာမထားရသေးဘူးလေ ကိုကို့ အခန်းထဲမှာပဲ အော် ကိုခန့် အခန်းထဲမှာပဲ အိပ်ယာကရှိတာ "
"ဘယ်လို ကျန်တဲ့ အခန်းတွေကရော"
"နက်ရှာပြီးပြီ ဘာ်အခန်းမှာမှ မရှိဘူး ဟိုနက်က ရပါတယ် ဘာဖြစ်ဖြစ်အဆင်ပြေပါတယ် ကို ခန့်မနက်စာ စားတော့မလား နက်ပြင်လိုက်မယ် ခဏစောင့်နော်"
ပုလဲနက် နောက်ဖေးပြေးသွားပြီး မနက်စာသွားပြင်နေတယ့်အချိန် ကျွန်တော်လည်း အခန်းထဲဝင်ပြီး ရေမိုးချိုး အဝတ်အစားလဲနေလိုက်တယ်
"နက် ဟေ့ နက် ပုလဲနက် ဒီကိုလာစမ်း"
အခန်းထဲက ကိုကို့အသံကြောင့် နက် လုပ်လက်စတွေကို ထားခဲ့ပြီး
အမြန် ကိိုကို့အခန်းထဲဝင်သွားတယ်"ဟုတ်ကိုခန့် နက်ရောက်ပြီ"
"ဒီမှာတွေ့လား အဝတ်တွေအကုန်ကျေကုန်ပြီ မနေ့က အဝတ်တွေအကုန်မင်း ဗွီဒိုထဲပြောင်းထည့်တာမလား ဘယ်လောက်တောင် ဖြစ်ကလဲ့စမ်းနိုင်နေတာတုန်းဟန် ပုလဲနက်"
"ဟို ဟိုလေ နက်ထည့်ကတည်းက အဝတ်တွေက ကျေနေ~"
"ဘာမှလာမပြောနဲ့ ခုထပ်တိုက်ပေး သွား"
နက် ကိုကို့အက်ျီကိုယူပြီးမီးပူမြန်မြန်ပြေးတိုက်လိုက်တယ်
တိုက်ပြီးတော့ ကိုကို့ဆီ သွားပေးပြိး
YOU ARE READING
တစ်ချက်လေး စောင်းငဲ့ကြည့်ဦး
Randomမင်းက ငါ့အချစ်တွေနဲ့ မထိုက်တန်တဲ့မိန်းမပဲ ငါမင်းကို မင်းသေသွားရင်တောင် ပြန်ချသ်မှာမဟုတ်ဘူး ခန့်ထယ်ဝါ ကိုခန့်ဘယ်လောက်မုန်းမုန်း နက်နားကမထွက်သွားပါနဲ့နော် နက်က ကိုခန့်မရှိရင် သေမှာ ပုလဲနက်