Part54(uni+zawgyi)

Start from the beginning
                                    

ညီမလေးတစ်ယောက်အဖြစ်ရောက်လာတည်းက ညီမလေးကို မထိရက်မကိုင်ရက် အပျောက်မခံနိုင်အောင်ချစ်ခဲ့တာပါ

အန်တီမေရဲ့ ပယောရကြောင့်သာမဟုတ်ရင် ကလေးငယ်လေးရဲ့ဘဝမှာလည်း နာကြည်စရာတွေရှိမှာမဟုတ်ပါဘူး

ကျန်းမာနေတဲ့ကလေးလို့ထင်ပြီး သူ့ကို စိတ်ဒုက္ခတွေအမျိုးမျိုးပေးခဲ့မိတဲ့မိမိကြောင့်ပဲ

သူမလေးခင်ဗျာ အမျိုးမျိုးစိတ်ညစ်ခဲ့ရမှာသိပေမယ့် ဒီလောက်ထိ အခြေအနေဆိုးပြီး ရောဂါဖြစ်ခဲ့တဲ့အကြောင်းမသိခဲ့ရိုးအမှန်ပါ ဆရာဝန်သာ မပြောပြခဲ့ရင် သူမလေးဆေး
သောက်နေရတာတောင်သိမှာမဟုတ်တဲ့ ကိုယ့်ကိုကိုယ်သာ အပစ်တင်မိတော့တယ်

တွေးနေရင်းနဲ့ သနားတဲ့စိတ်လေးဝင်မိတော့ လက်နှစ်ဖတ်က နက်ကိုသွားဖတ်မိတယ်
ကိုယ်ကိုကိုယ်ထင်နေမိခဲ့တာက ပုလဲနက်ကိုချစ်နေမိပြီလို့ပေါ့

တကယ်က ချစ်တယ်ဆိုတယ့် အကြောင်းပြချက်နဲ့ နက်ကို အမျိုးမျိုးချုပ်ချယ် သဝန်တို
သတ္တိနဲ့ သံသယတွေဝင်ပြီး နက်ကိုပဲအမျိုးမျိုးစိတ်ဒုက္ခပေးနေမိတာတွေကိုပါတွေးမိတော့

နက်ကို
တကယ်ချစ်ခဲ့တာမဟုတ်ပဲ အတ္တတွေကြီးပြီး နက်ကို နှိပ်စက်နေခဲ့မိတာကို

"တောက် ကွာ"

တွေးရင်းတွေးရင်းနဲ့ ဒေါသတွေပါ မထိမ်းနိုင်ဖြစ်ခဲ့ရတာကြောင့် တောက်ခေါက်မိတော့
"ဟင့် ဟင့် ကိုကို"

လန့်ပြီးနိုးလာတဲ့နက်က ခန့်ဖတ်ထားတာကို အတင်းရုန်းပြီး ခန့်ရင်ဘက်ကြီးကို တွန်းလာလေတယ်

"နက် နက် သတိရလာပြီလားဟင်
ကလေး နေသာရဲ့လား ကိုကိုလေ ကိုကိုရှိတယ်နော် နက်"

"ဟင့်ဟင့် ဟီးအီးအီး"

"ဟေ့ ဘာလို့လဲ မငိုနဲ့လေကွာ ဟေ့ ကိုကိုလေ
ဟောကိုကို့ကိုကြည့်ပါဦး ကလေးလေး"

"ဟီးအီး ကြောက်တယ် ဟင့် ဟင့်ဟင့် ကိုကိုရေ ကယ်ပါ နက်ကိုကယ်ပါကိုကို "

"နက် ကိုကိုလေ ကိုကိုရှိနေတာလေ ကိုကိုပါနက်ရယ်ကွယ် နက်ဘာမှမကြောက်နဲ့ နော်

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now