Part54(uni+zawgyi)

Start from the beginning
                                    

​ဆီးတွေ သွေးတွေသေချာစစ်ပြီးမှသိနိုင်တာ"

"ဟုတ်ကဲ့ပါဆရာ ကျွန်တော်က ခုကိုသိချင်နေတာမို့ပါ ဟီး နက်ကိုသေချာဂရုစိုက်လိုက်ပါ့မယ်နော်"

"ကျုပ်သေချာပြောနိုင်တာကတော့ မင်းမိန်းမ ကိုယ်ဝန်မရှိရင်တောင် ဆေးရုံတက်ကုရမယ့်ရောဂါတော့ရှိနေပြီ

စိတ်ရောဂါထိမဖြစ်ခင် သေချာကုတာကောင်းလိမ့်မယ်

သူသောက်နေကျဆေးတွေရော ခုပြ"

"ဟင် မသောက်ပါဘူး သူကဘာဆေးမှဆွဲသောက်နေတာမဟုတ်ဘူး"

"ငါလေ တော်တော်စိတ်ရှည်နေရတယ်နော်
ဒီကောင်လေးနဲ့တော့ ပုလဲနက်က မင်းမိန်းမရောဟုတ်ရဲ့လားကွာ သူညတိုင်းသောက်ရမယ့်ဆေးတွေလေ သူငါ့ဆီမှာ တစ်လတစ်ခါ အမြဲလာဝယ်နေတဲ့ဆေးတွေကို ငါ့ဆေးခန်းမှာပဲ တစ်ထိုင်ထဲသောက်သွားလို့လား မင်းကမတွေ့ရ မသိရအောင်"

ထိုအခါ မျက်နှာပျက်ပြီး ခေါင်းငိုက်စိုက်ကျရပြန်သူက ခန့်ထယ်ဝါပါ

"အော် အံဆွဲထဲမှာရှိမယ်ထင်တယ် ခဏနော်ဆရာ ကျွန်တော်ကြည့်လိုက်ဦးမယ်"

ခန့်ထယ်ဝါ ကုတင်ဘေးက အံဆွဲလေးကိုဖွင့်လိုက်တော့ များလိုက်တဲ့ဆေးတွေ

"အင်း ဆေးက ဒီတိုင်းဆို ပြောင်းပေးရတော့မှာပဲ မဟုတ်ရင်တောင် လကုန်လောက်တော့ သူ့ကိုဆေးပြောင်းပေးဖို့ပါပဲ

ခုတော့ ကိုယ်ဝန်ရှိနေရင် ဆေးတွေကြောင့်ကလေးက ထိခိုက်နိုင်တာမို့ ငါခုတည်းကပြောင်းပေးခဲ့မယ်"

"ဟုတ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်"

..........
ဆရာဝန်ပြန်သွားမှ ပုလဲနက်ရှိရာ ကုတင်လေးပေါ်မှာ ခန့်လည်း အိပ်ပြီး နက်လက်ကလေးကိုကိုင်ထားမိတယ်

"နက်ရာ ကိုကို့ကို ခွင့်လွှတ်ပါ ကိုကိုနက်ကို အမြဲသဝန်တိုပြီး ဒုက္ခတွေဖြစ်အောင်လုပ်နေမိတာ နက်ရဲ့အကြောင်းတွေတောင် ဘာတစ်ခုမှမသိပဲပေါ့"

ပါးလေးကိုထိကိုင်မိတော့ မျက်နှာလေးတစ်ချက်မဲ့သွားတယ်

ဒီပါးလေးပေါ့ ကလေးဘဝတည်းက သိပ်ကို မက်မောခဲ့ရတဲ့ပါးဖောင်းလေး ပါးအိအိလေးတွေနဲ့ပြောသမျှစကားတိုင်းကလည်း သိပ်ကိုချစ်စရာကောင်းနေပြန်တော့ ချစ်မဝခဲ့တာ

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now