အပိုင်း (၂၆)

Start from the beginning
                                    

သူ့အဒေါ် အန်တီလေးရဲ့အပြောကို ငယ့်မှာခေါင်းညိမ့်ပြနေရုံရှိသေးသည် ဒရယ်ဂွန်က ဆန်ပြုတ်ပန်းကန်ကြီးကိုကိုင်ပြီး ငယ့်အခန်းထဲဝင်လာသည်ကိုမြင်လိုက်ရသည်။ ဒရယ်ဂွန်သည် ငယ့်ကိုစိတ်ပူလို့ဤ သို့လုပ်ပေးတာမဟုတ်ပဲ သူကငယ့်အားဂရုစိုက်ရန်မှာထားသောကြောင့်သာ ဤမျှအထိလိုက်လုပ်ပေးနေတာဖြစ်သည်။

တွေးကြည့်မှ အခုအခါငယ့်အနားမှာ ရှိနေသူများသည် သူနဲ့ပက်သတ်နေ၍သာ ငယ့်အနားမှာရှိနေခြင်းဖြစ်သည်။ ဒီလိုဆိုမှတော့ ငယ့်ဘဝမှာ သူသာမရှိတော့ရင် ငယ်တစ်ယောက်တည်းပဲရှိနေလိမ့်မည်ဖြစ်သည်။

"အစားစားရမယ်နော် ငယ်။ လာ...အသက်ခွံ့ကျွေးမယ်။ ဆန်ပြုတ်က နေကိုယ်တိုင်ငယ့်အတွက်လုပ်ပေးထားတာ။ အားရှိအောင်သောက်လိုက်နော်..."

အပြောနဲ့ထပ်တူ ငယ့်နှုတ်ခမ်းရှေ့သို့ ရောက်လာသော ဆန်ပြုတ်ခပ်ထားသောဇွန်းကို ပါးစပ်ဟကာ  ယူသောက်လိုက်ရင်း ငယ်သည်အတားအဆီးမဲ့စွာမျက်ရည်တို့က ကျဆင်းလာလေသည်။

ဝမ်းနည်းလွန်း၍ ငယ်သည် အသံပင်မထွက်နိုင်တော့ပဲ မျက်ရည်များသာကျဆင်းလို့နေခဲ့သည်ကို ငယ်မျက်ရည်ကျတာကိုမကြိုက်သော သူ့အစား ငယ့်ကိုနှစ်သိမ့်ပေးသူများသည် သူ့မိသားစုဝင်တွေသာဖြစ်ခဲ့သည်။

ခန္ဓာကိုယ်က ဘယ်လိုပဲအားနည်းနေပါစေ ငယ်သည် နောက်သုံးရက်နေလျှင်ရောက်တော့မည့် ကုမ္ပဏီနှစ်ပတ်လည်အတွက် ပြင်ဆင်စရာရှိသည်များကို လုပ်ကိုင်ရတာ ရင်ထဲဗလာကျင်းနေ၍ ခံစားချက်မဲ့နေသူတစ်ဦးလိုပင်။

"ထည်ဝါ...."

ဧည့်သည်စာရင်းတွေကို ကြည့်နေရင်းမှ မျက်ရိုးတွေကိုက်လာသည်မို့ သေးသေးလေးကိုခေါ်ရင်း အပြင်ဘက်လမ်းလျှောက်ထွက်သည့်အခါမှာ စိတ်နဲ့လူနဲ့မကပ်တာကြောင့်ဖြစ်မည်၊ လက်ထဲက ကြိုးလေးကိုလွတ်ချမိတော့ သေးသေးလေးက ငယ့်ကိုမစောင့်ပဲ ပြေးလေသည်။

"အိုးး...ထည်ဝါ"

ရုတ်တရပ် ကားတစ်စီးက ငယ်တို့လမ်းဘက်ကိုကွေ့ချိုးချလိုက်သည်မို့ အပြေးသွားခဲ့သောသေးသေးလေးနဲ့ တိုက်မိမလိုဖြစ်သွားသည်။ တော်သေးသည် နည်းနည်းလောက်လေးသာ လိုတော့သည် ဒီအကွာအဝေးမှာ ကားကရပ်တန့်သွားသလို၊ သေးသေးလေးကလည်း နေရာမှာတင် ငုတ်တုပ်လေးထိုင်ချလိုက်လေသည်။

အချစ်ဦး (Completed)Where stories live. Discover now