"ဟုတ်တယ်နော်..အခု ပြောချင်တာကလည်း အဲ့တာပဲပြောချင်တာ ငယ်ရဲ့။ ဟိုလေ.....
အသက်ကြားလာတာ...ငယ်တို့လက်ထပ်တော့မှာဆို"
"ငယ် ငယ်တို့...."
အသက်၏ အပြောမှာ ငယ်တကယ်ပဲမယုံကြည်နိုင်ဖြစ်ရပြီး ထပ်မေးလို့အတည်ပြုကြည့်တော့ အသက်ကငယ့်ကိုခေါင်းငြိမ့်ပြပြီး...
"ဟုတ်တယ်၊ ထည်ဝါနဲ့ငယ်တို့လက်ထပ်မှာမဟုတ်ဘူးလား..." ဟု ပြောလာသည်။"ဘယ်သူကပြောတာလဲ အသက်"
"နေနဲ့ အကိုလေးပြောနေတာကို ကြားလာတာ။ အဲ့တာကြောင့် အသက်တစ်ခုလောက်တောင်းဆို....."
"ခဏ ခဏနော် အသက်ရေ...."
သမီးငယ်သည် မှန်တင်ခုံရှေ့ကနေ ကဆုန်ပေါက်ပြေးလွှားသွားပြီး နေခြည်တို့ရှိရာခြံထဲသို့ရောက်ပါမှ မောဟိုက်မှုတစ်ဝက်နဲ့ မျက်နှာတစ်ခုလုံးသကာရည်လောင်းထားသကဲ့သို့ ပြုံးရွှင်နေကာ...
"မမနေခြည်....""ဘယ် ဘယ်လိုဖြစ်လာတာလဲ ငယ်ရယ်။ ဖြည်းဖြည်းချင်းလာလည်း ရပါတယ်ကွယ်...."
"ဟူးး...ရတယ် မမနေခြည်၊ အဟွန်းး..."
ပြုံးရွှင်နေမှုကို ထိန်းချုပ်မထားနိုင်ပဲ ငယ်သည် စကားမပြောရသေးခင် ထိုအကြောင်းကိုစဥ်းစားလိုက်ရုံမျှတင် အလိုလိုအူမြူးလာတာဖြစ်သည်။"ငယ့်ကို ငယ့်တို့လက်ထပ်ရတော့မှာလား...ဟင်၊ အဲ့လိုလားဟင်!!!"
ပျော်လွန်းလို့ မျက်ခုံးလေးတွေအထိပါ ပင့်ပြပြီးမေးနေသည့် ငယ့်ကိုမမနေခြည်က ရှေ့တိုးလို့အသေအချာစိုက်ကြည့်လာပြီးမှ ငယ့်နဖူးကိုလက်ညှိုးသွယ်သွယ်လေးဖြင့်ထိုးကာ ငယ့်မျက်နှာကို နောက်သို့ယိမ်းသွားစေသည်။
"အပိုတွေမလုပ်စမ်းနဲ့။ ဟိုက ပြောတာ အသက်၂၀ပြည့်ရင်လက်ထပ်မယ်လို့..."
"ခီိးခီးးး...ဒါဆို သေချာပေါက်ပေါ့၊ ဟီးး......."
လက်ဖဝါးနှစ်ဖက်လုံးကို ကြာဖူးပွင့်ပုံစံဖြင့်နှုတ်ခမ်းရှေ့မှာပိတ်ထားသည့်တိုင် ငယ့်ရယ်မောသံဟာ အပြင်လူတွေကိုပါ ကြားစေနိုင်သည်။ ဤမျှအထိကို ငယ့်ရဲ့ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံးက ပျော်ရွှင်ကြည်နူးနေတာဖြစ်သည်။
YOU ARE READING
အချစ်ဦး (Completed)
အပိုင်း (၂၅)
Start from the beginning