အခန်း(၂၁)(Uni & Zawgyi)

Start from the beginning
                                    

မမ၏ ချစ်သူဖြစ်သူ ကိုရှိန်းကလည်း မမကိုတအားချစ်ပြီး လူတော် လူကောင်း တစ်ယောက်ပင် ဖြစ်သည်မို့ သဘောကျခြင်းလည်းပါသည်။ ကိုရှိန်းမှာ မိဘများမရှိတော့သလို ဆွေမျိုးသား ချင်းလည်း မရှိဘူးဟုသိရသည်။ တစ်ကောင် ကြွက်ပင် ဖြစ်သော်ငြား ကိုယ်၀မ်းစာကိုယ်ကျောင်းနိုင်သည့် ထက် မြတ်သော ခေတ်ပညာတတ် လူငယ်တစ်ယောက်ပင်ဖြစ်သည်။ ထို့ပြင် မမကိုလည်း တအားချစ်သည်မှာ ဘေးလူများပါ မြင်နိုင်သည်အထိ သိသာလွန်းလှသည်။ ဟန်ချီတို့မိသားစုနှင့်လည်း အဆင်ပြေအောင်နေနိုင်ပြီး ဟန်ချီတို့ မိဘများကိုလည်း သူ့၏မိဘကဲ့သို့ပင် သဘောထားကာ တစ်လေးတစား ဆက်ဆံခဲ့သည်။ ဤသို့သောအကြောင်းရာများကြောင့် ငြင်းဖွယ်ရာမရှိ၍ မမနှင့် လက်ဆက်ဖို့ဖြစ်လာခဲ့တော့သည်။

လက်ထပ်ပြီးသည်နဲ့ 'သျှောင်နောက် ဆံထုံးပါ'ဆိုသည့် အတိုင်း မမမှာ ကိုရှိန်းနောက်ကို လိုက်သွားရသည်။အိမ်ထောင်ကျသွားသည့် မမ​မှာ အရင်လို နားရက်တိုင်း အိမ်ကိုပြန်မလာဖြစ်တော့သလို  မိသားစုသုံးယောက်သာ ကျန်ရှိခဲ့သော ဟန်ချီတို့မိသားစုမှာလည်း ခြောက်ကပ်ကပ်နဲ့ရယ်ပါ။ ဒီကြားထဲမှ ဟန်ချီ ဆယ်တန်း အောင်သောအခါ ထပ်ခွဲရဖို့ဖြစ်လာပြန်သည်။ဂုဏ်ထူး လေးဘာသာတောင် ပါသည်မို့ ဟန်ချီတက်ချင်သည့် နည်းပညာတက္ကသိုလ်လည်း တက်ခွင့်ရခဲ့ပါသည်။

အဆောင်မှနေ၍ ကျောင်းတက်မည် စဥ်းစားထားသော်လည်း မမနဲ့ ကိုရှိန်းမှာ သူတို့နှင့်အတူလာနေရန် ပြောကြသည်။ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မမတို့နေထိုင်ရာအိမ်မှာ တက္ကသိုလ်နဲ့ သိပ်မဝေးပေ။ အစကတော့ ဟန်ချီ ငြင်းပါသေးသည်။ ကိုယ့်အစ်မဖြစ်သော်ငြား အိမ်ထောင် သည် တစ်ယောက်ဖြစ်သွားသည့် အတွက် ဟန်ချီသွားနေရမည်ကို အားနာမိသောကြောင့်ပင်။ နောက်ပိုင်း ကိုရှိန်းကပါ အဆင်ပြေပါသည်ဟု ပြောကာ အတင်းတိုက်တွန်းနေတော့  မငြင်းသာတော့ပဲ လက်ခံလိုက်ရသည်။

မမတို့အိမ်မှာ အတော်အသင့်ကျယ်သော ခြံ၀န်းထဲတွင် တစ်ထပ်တိုက်လေး ဆောက်ထားခြင်းဖြစ်သည် ။ မမတို့လင်မယားနှင့် ဟန်ချီ ပင်ရှိသည်ကြောင့် နေရတာတော့ ကျဥ်းကျပ်ခြင်းမျိုးမရှိပေ။ မနက်မိုးလင်းပြီဆိုတာနှင့် မမတို့လင်မယားမှာ အလုပ်ကိုယ်စီသွားကြသလို ဟန်ချီလည်း ကျောင်းသို့သွားရသည်။ ဟန်ချီကျောင်းပြန်ချိန်ထိ မမတို့လင်မယားမှာ အိမ်သို့ပြန်မရောက်တတ်ပေ။ တစ်ခါတစ်လေ ညဥ့်နက်ချိန်များမှသာ ပြန်ရောက်တတ်ကြသဖြင့် ညနေစာအား ဟန်ချီမှပင် တာ၀န်ယူချက်ပြုတ်ပေးလိုက်သည်။ ဘာအလုပ်မှမလုပ်ဘဲ ထိုင်နေ ၍ မမအိမ်ထောင် ဖက်၏  အမြင်မကြည်ခြင်း ခံရမည်ကို မလိုလားသောကြောင့်ပင်။ သို့ကြောင့်  အိမ်အလုပ်များအား ဟန်ချီ အလိုက်တသိဖြင့် ကူလုပ်ပေးဖြစ်သည်။

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now