အခန်း(၇)(Uni & Zawgyi)

2.3K 158 4
                                    

(Uni)

ထန်းပင်ကုန်းရွာ၏ ညနေခင်းအချိန်ခါလေးသည် အလွန်အေးချမ်းလှပါသည်။ ထန်းပင်ကုန်းရွာဆိုသည့်အတိုင်း ထန်းပင် ထန်းတောများမှာ လက်ညိုးထိုးမလွဲရှိလေသည်။ ထန်းပင်များနောက်မှ တဖြည်းဖြည်း ပုန်းကွယ်သွားသော သူရိန်နေမင်းကြီးသည် သူ၏တစ်နေ့တာ တာ၀န်ပြီးသွားသော်ငြား ညနေဆည်းဆာဟူသော လောကအလှတစ်ပါးကိုဖြင့် ဤကမ္ဘာမြေကြီးကို ပြသပေးခဲ့ပါသေးသည်။

နေ၀င်ရိုးရီဖြစ်ကာ အချိန်အားဖြင့် ညနေ ၆နာရီခန့်ရှိပြီဖြစ်သည်။ ချမ်းမြေ့ ရွာဦးကျောင်းရှေ့တွင် ရောက်နေသည်မှာ နာရီ၀က်ခန့်ပင်ရှိတော့မည်။ အကြောင်းမှာ ချစ်ရသူလေးကိုစောင့်နေခြင်းဖြစ်သည်။

ထန်းပင်ကုန်းရွာလေးတွင် အလယ်တန်းကျောင်းသာရှိသည်။ အထက်တန်းကျောင်းမှာတော့ ထန်းပင်ကုန်းရွာ၏ နှစ်ရွာကျော် ရွာတွင်ရှိသည်။
ရွာသို့ရောက်ပြီး 10ရက်ခန့်လောက်မှ သိရသည်က ချစ်ရသူလေးမှာ ရွာရှိကလေးများအား ညနေကျောင်းဆင်းချိန်တွင် စာသင်ပေးလေ့ရှိသည်ဟူ၍ပင်။ ပြောရရင်တော့ ကျူရှင်သဘောမျိုးပင်ဖြစ်သည်။ သို့သော် ကျူရှင်များလိုတော့ ပိုက်ဆံမပေးရပါ။ အခမဲ့ ပညာ့ဒါနာ့ပြုခြင်းပင်။
သင်ပေးသည့် နေရာမှာ ဤရွာဦးကျောင်းတွင်ဖြစ်သည်။ ချစ်ရသူလေး တင်မဟုတ်ဘဲ သူငယ်ချင်းနှစ်ယောက်ပါ,ပါသည်ဟုဆိုသည်။

ချစ်ရသူလေးမှာ ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့်အောင်မြင်ခဲ့၍ နည်းပညာတက္ကသိုလ်တွင်တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။ သို့သော် ချစ်ရသူလေး ကျောင်းဆက်မတက်ရခြင်းနှင့် ချစ်ရသူ၏အစ်မဖြစ်သူ သေဆုံးခြင်းမှာ မည်သည်ကြောင့်ဆိုသည်ကိုတော့ မသိရသေးပေ။ သူများအိမ်တွင်းရေးကို လူတကာဆီလိုက်မေးနေ၍လည်း မကောင်းဘူးမဟုတ်လား။ အဘိုးကို မေးကြည့်တော့လည်း မရေမရာသာဖြေသည် ဖြစ်ရာ ယခုချိန်ထိ ဘာဆိုဘာမှအတိအကျမသိရသေးပါ။

အတွေးတစ်ချို့အတူ နဲ့စောင့်နေပြီးနောက် လေးဆယ့်ငါးမိနစ်လောက်အကြာတွင် ကျောင်းအတွင်းမှ ကလေးများထွက်လာကြပြီဖြစ်သည်။
နောက်မှတော့ ချစ်ရသူလေးနှင့် သူငယ်ချင်းနှစ်ယောက်ပင်။ ကျွန်တော့်ကိုတော့ခုထိမမြင်ကြသေးပေ။ချစ်ရသူလေးမှာ ကျန်နှစ်ယောက်နှင့် စကားပြောနေပြီး မည်သည်ကိုသဘောကျသည်တော့မသိပါ နှစ်နှစ်ချိုက်ချိုက်ကိုရီနေလေတော့သည်။ ပါးချိုင့်ခွက်လေးနှစ်ဖက်နှင့် သွားစွယ်လေးများမှာ ချစ်ရသူကို ပိုမိုချစ်စဖွယ်ကောင်းအောင် ထောက်ပံ့ပေးနေကြသည်ထင်၏။ အဲ့လိုအပြုံးလေးများ ကျွန်တော့်အတွက်ရည်ရွယ်ပြီး စွန့်ကြဲရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now