~28~

571 62 2
                                        

Unicode

https://youtu.be/wdSNeImD6gg

ငယ်သူမို့- စိုးလွင်လွင်//

ညကအိမ်မက်မက်သည်။
ပိုးစုန်းကြူးလေး‌ကလာပြောသွားသည်။
အနီရောင်စာတိုက်ပုံးလေးထဲမှာ
မဟောင်းသေးသောစာအိတ်ကလေးတွေ ဆွေးမြည့်နေသည်တဲ့။

......

ဝါကျင်ကျင် မှိန်ဖျော့ဖျော့ လမ်းမီးတိုင်တွေ၏အကြားမှာ နှင်းမှုန်ကလေးတွေက ဟိုဟိုဒီဒီပြေးလွှားနေကြသည်။
အင်မတန်သိပ်ကိုမှအေးခဲပါတဲ့ဆောင်းဟာရက်စက်လိုက်တာ။
သိပ်ကိုရက်စက်လိုက်ပါလေရော့။

ဒါမှမဟုတ်....အဲ့ဒီဆောင်းကကိုယ်များဖြစ်နေမလား။

လမ်းမပေါ်ကြီးမှာ ကားသံဟွန်းသံတွေနဲ့တညံ့ညံ့ရှိနေတာဒီတိုက်ခန်းကနေတောင်ကြားရပါသည်။
ပြာရီမှုန်းတဲ့သည်ညက ကျွန်တော်သိခဲ့တဲ့ညမဟုတ်ခဲ့ပါ။

" ထယ်ယောင်း....အေးတယ်လေ တံခါးပေါက်ကိုဘာလို့ဖွင့်ထားတာလည်း "

" ဟင် "

" ငိုနေတာလား ထယ်ယောင်း "

" ဟင် မဟုတ်ပါဘူး မင်းကလည်း "

" လွမ်းနေတာဘဲ "

" ဂျောင်ဟိုဆော့ မင်းထင်သလိုများမှတ်နေသလား "

" ဒါဖြင့်ရင်...ဘာကိစ္စရှိရအုံးမှာလည်း"

" မဟုတ်ဘူး...ငါဒီလူမျိူးမတူတာတွေနဲ့အတူမနေချင်တော့ဘူးဟာ , အရမ်းပင်ပန်းတယ် "

" ထယ်ယောင်းရား....မင်းသိပ်ပင်ပန်းခဲ့တာငါသိပါတယ်။ ဒါပေမယ့်အားလုံးက ကိုယ်ဖြစ်ချင်တာဖြစ်လို့မှမရတာ "

ပြတင်းမှန်ကိုပိတ်လိုက်သည်။
ဟိုဆော့ထားသွားခဲ့သည့် ညစာကို
စားဖို့ပြင်လိုက်တော့သည်။
နားထဲပတ်လည်ရိုက်နေတော့တဲ့ အဲ့ classic တေးသွားတွေ။ ငြီးငွေ့လွန်းလို့ပိတ်ချလိုက်သည်။

ပေါင်မုန့်အိအိပူနွေးနွေးကိုတစ်ခါစားတိုင်း အီစိမ့်စိမ့်နွားနို့ဖြင့်မျောချပစ်ရသည်။

နှင်းစက်တွေဟာတဖွဲဖွဲကျဆင်းနေတော့သည်။ လူအ‌တော်အများက
ခရစ်စမတ်ပါတီအတွက်ကျင်းပကြရန်
လမ်းမထက်မှာအထုပ်ပိုးပစ္စည်းတွေနဲ့အလုပ်ရှုပ်နေကြသည်။

~ The Tale ~ [ Completed ]Where stories live. Discover now