~19~

513 61 0
                                        

Unicode

အဲ့မျက်ဝန်းတွေကိုဘယ်လိုနားလည်လိုက်သင့်သလည်း။

1993
~The Tale~

"ထယ်ယောင်း.... "

‌စာမူပို့ပြီးပြန်ချိန်၌ တွေ့ချင်ပါသတဲ့ဆိုတဲ့စိတ်ကိုအလိုလိုက်ကာအားဖြင့်
အပြေးလိုက်ရှာမိသည်။
အိမ်ပြန်သွားလိုက်ပြီလို့ထင်မှတ်ထားခဲ့ပေမယ့်လည်း ကံကောင်းစွာမှားယွင်းသွားခဲ့ပါသည်လေ။

အိမ်မရောက်ခင်လမ်းထိပ်မှာခြေလျင်ပြန်နေသော ပုံရိပ်လေးကိုတန်းတွေ့လိုက်ရသည်။
တော်‌ပါသေးတယ်ချစ်သူရယ်။
ကိုယ်တော့တွေ့ချင်လို့ရူးရပါတော့မယ်။

" ထယ်ယောင်း...."

" ဟင် ခင်ဗျား "

" ကားတွန်းစာအုပ်လေးနဲ့ပါ့လား "

" ဟမ်..အော် ဒါက...အပျင်းပြေဖတ်ချင်လို့"

" အရင်ကစာဖတ်ရတာဝါသနာမပါတဲ့ကောင်လေးတစ်ယောက်တောင်စာတွေဖတ်လို့ပါ့လား "

" အပျင်းပြေဖတ်ချင်တာပါဆို "

" အင်းပါ... ကိုယ်လည်းခုမှစာမူပို့ပြီးပြန်လာတာ "

" အော် ...ကျွန်တော်သွားတော့မယ် "

" ဟင်..."

ထယ်ယောင်း၏စကားကြောင့်ဂျောင်ဂုသိပ်ပြီးအလိုမကျချင်။
ခါတိုင်းအဲ့လိုမှမဟုတ်ဘဲလေ။
စကားအသွားအလာက တိတ်ဆိတ်နေသည်။ အဖြေရှာရခက်လိုက်တာ။
ဘာကြောင့်လို့ပါလိမ့်။

" သွားတော့မလို့လား...ချက်ချင်းကြီး"

" အင်း ... သွားတော့မလို့ "

" ဒါဆို ကောင်းကောင်းသွား "

" အင်း "

" ထယ်ယောင်း "

" ဟင် "

" နောက်တခါကျရင်တော့ ကိုယ့်ကိုဒီတိုင်းကြီးမထားခဲ့ပါနဲ့ "

" ဟင်... အင်း "

စကားတွေပြောနေပေမယ့် အလှမ်းဝေးနေသလိုခံစားနေရတဲ့ ခံစားချက်ကြီးက
သိပ်ဆိုးလှတယ်။
ကောင်ကလေးရယ်...ဘာတွေဖြစ်နေသလည်း။

ကောင်ကလေး က ကောင်ကလေး မဟုတ်တော့သလိုဘဲ။

အသွားလမ်းလေးကကြည်နူးဖို့‌ကောင်းခဲ့ပါတယ်။
ကားတွန်းစာအုပ်လေးကလည်းအလားတူလှပ‌နေ
ခဲ့ပါတယ်။

~ The Tale ~ [ Completed ]Where stories live. Discover now