၃၃။ ရှင်သန်ရာနေရာသစ် (U+Z)

Start from the beginning
                                    

သူမ မနက်ခင်းနေထွက်ချိန်ကိုမျှော်ငေးရင်း သိုးမွှေးထိုးနေခြင်းဖြစ်သည်။ အိမ်ရှေ့မျက်နှာစာ၌ အမျိုးအမည်မသိနိုင်သည့်ပန်းပေါင်းစုံကို စိုက်ပျိုးလို့ထားပြီး တံစမြိတ်မှာတော့ သစ်ခွပန်းပင်တွေကိုချိတ်ဆွဲလို့ထားသည်။  သူမသည်ကြိမ်ဖြင့်ရက်လုပ်ထားသည့်ခုံလေးပေါ်မှာထိုင်‌ေနရင်း  နေထွက်ချိန်ကိုရှုစားလို့ နေမည်။

သူမရှေ့မှာရှိသည့်စားပွဲခုံလေးပေါ်၌ ကြိမ်ဖြင့်ရက်လုပ်ထားသည့်ခြင်းတောင်း အသေးလေးထဲ၌ သိုးမွှေးချည်တွေကိုထည့်လို့ထားသည်။စားပွဲခံု‌ေပါ်မှာ ကြိမ်ခြင်းလေးအပြင် ရေနွေးနွေးလေးတစ်ခွက်နှင့် ကောက်ညှင်းပေါင်း၊ဝက်သားချဉ်က်ု လည်း ပန်းကန်းလေးတစ်ချပ်ထဲမှာထည့်လို့ထားပေသည်။

သူမ ချည်ထိုးလာရင်းဗိုက်ဆာလာရင် ထိုကောက်ညှင်းပေါင်းလေးနှင့် ဝက်သားချဉ်လေးကိုစားမြည်။ ဗိုက်ပြည့်သွားရင်တော့ ရေနွေးပူပူလေးတစ်ခွက်ကိုသောက်ပြီး ထိုးလက်စသိုးမွှေးချည်ကိုပြန်၍ ထိုးမည်။ သည်ဟာ သူမရဲ့မနက်ခင်း အချိန်ကုန်ဆုံးသည့်ပုံစံပေ။

သူမချည်ထိုးနေရင်း သူမစီအပြေးလေးလှမ်းလာသောကောင်မလေးနှစ်ယောက်ကို လှမ်းမြင်လိုက်သည်ကြောင့် ထိုးလက်စချည်တွေကိုခနရပ်ပြီးသူတို့လေးတွေအလာကိုအပြုံးပန်းတစ်ပွင့်ပန်ဆင်ပြီးစောင့်နေလိုက်သည်။

သူတို့လေးတွေဟာသူမစီအပြေးလေးလာကြပြီး သူမ၏နာမည်ကို အားတတ်သရောခေါ်လိုက်ကြသည်။

" မမနွယ် ..မမနွယ် အနော်တို့ရောက်ပြီ ဟီး"

အပြုံးပန်းလေးတွေဝေဝေဆာဆာဖြင့်ပြောလာသောသူမလေးတို့ကို အနွယ်ကလည်း အပြုံးပန်းဖြင့် ပြန်၍နှုတ်ဆက်သည် ။

" ဖြေးဖြေးလာလည်း ရပါတယ်ရှင် ကျွန်မက ထွက်ပြေးမယ့်လူကြနေရော သည်နဲ့ သည်ကနေ့ရော ဘာလုပ်ဖို့စီစဉ်ထားကြလဲ နေ့တိုင်း ချည်ထိုးသင်နေရတာမပျင်းကြဖူးလား"

" အနော်တို့မပျင်းပါဖူးအနော်တို့က မမနွယ်လို အဝတ်လှလှလေးတွေထိုးတတ်တဲ့ထိကိုသင်မှာ ဟူတ်တယ်မှလား "

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now