33. မိသားစုဓလေ့ထုံးစံများ (2)

Start from the beginning
                                    

သူမ၏ ရှည်လျားနက်မှောင်သော မျက်တောင်များ တဖျပ်ဖျပ်ခတ်ကာ စိုးရိမ်တကြီးဖြင့် နှုတ်ခမ်းများကို ကိုက်ကာ သွေးများထွက်နေသည်။  သူမ နာကျင်နေသော်လည်း ပြုံးပြီး ခိုင်ခံ့နေပုံပေါ်သည်။

"တတိယသခင်မလေး ၊ ဘာဖြစ်နေတာလဲ၊ မင်းနေမကောင်းဘူးဆိုရင် ငါ့ကိုဘာလို့ မပြောခဲ့တာလဲ၊ ပထမသခင်မလေးက တစ်ခြားဝတ်စုံတစ်ခုကို ပြင်ဆင်ခဲ့လို့ ကံကောင်းသွားတယ် ။ ပထမသခင်မလေးကို တတိယသခင်မလေးနေရာ အစားထိုးရမယ် ။ဒီအိမ်အကူနှစ်ယောက်က အရမ်းတရားလွန်းတယ်။ မင်းရဲ့သခင်မ နေမကောင်းဖြစ်နေတာတောင် မင်းတို့ကမကူညီပဲ သူ့ကိုဒီမှာနေခိုင်းတာ။သူက မိန်းကလေးပဲ၊  ဒဏ်ရာရရင် ပိုဆိုးလိမ်မယ် !"

အထဲမှာ ရှိနေတဲ့ အဒေါ်ဖန်က ပြေးထွက်ရင်း ပြောသည် ။ သူမ မျက်လုံးထဲတွင် ရက်စက်မှုကို ဖုံးကွယ်ပြီး နွေးထွေးစွာ ပြောလိုက်သည်။  သူမက မို့ရွှီတုန်းကို ထိုနေရာကနေ ထွက်သွားနိုင်စေရန် သက်ကြီး အိမ်ဖော် နှစ်ယောက်ကို လာကူညီဖို့ အမိန့်ပေးခဲ့သည်။ 

သူမသည် မို့ဟွာဝမ်ကိုချော့ရန် တစ်ခုခုလုပ်ခဲ့သည်။ လိဟွာဥယျာဥ်၌ အဒေါ်ဖန်သည် မကြာသေးမီက ငြိမ်သက်အေးချမ်းစွာနေ ခဲ့သည်။ အခုတော့ အဒေါ်ဖန်က မို့ရွှမ်မင်ကို မို့ရွှီတုန်း ရဲ့နေရာကို ရယူဖို့ တွန်းအားပေးခဲ့တယ်။ 

သူ့သမီးက အရမ်းထူးချွန်ပြီး မို့ဟွာဝမ်က ဆွဲဆောင်မှုရှိတယ်။ အကယ်၍ မို့ရွှမ်မင်သည် တံခါးဝတွင် ဒူးထောက်ကာ မိသားစု ပင်မဌာနခွဲ၏ သမီး အနေအထားဖြင့် ဧည့်သည်များကို နှုတ်ဆက်နိုင်ခဲ့ပါက၊ သူမ၏သားသည်လည်း ထွက်လာနိုင်မည်ဖြစ်သည်။  သူမသားသည် ကိုယ်လုပ်တော်၏သားအဖြစ် နှိမ့်ချခံရတော့မည်မဟုတ်ပေ။ 

သားနှင့်သမီး အဆင့်အတန်း မြင့်လာသောအခါတွင် သူမ၏ ရာထူးသည်လည်း သဘာဝအတိုင်း မြင့်မားလာပေလိမ့်မည်။  ထို့အပြင် မို့ရွှီတုန်း သည် သူမ၏ ကျန်းမာရေးကြောင့် မိသားစု ၀တ်ပြုပွဲအတွက် မနေခဲ့ပါက အမျိုးမျိုးသော ကောလဟာလများသည် သူမ၏ ဂုဏ်သိက္ခာကို ပျက်စီးစေမည်ဖြစ်သည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now