ကုမ္ပဏီကိုရောက်တော့လည်း ဒီနေ့တော့ ဒရယ်ဂွန်လိုက်လာတာကြောင့် ငယ်သည် လုပ်ငန်းကိစ္စအဝဝကို ဒရယ်ဂွန်နဲ့ပဲအပ်ထားခဲ့ရင်း သေးသေးလေးနဲ့အတူဆိပ်ကမ်းဘက်ကို ထွက်လာခဲ့လိုက်သည်။
"ပျော်နေလား ထည်ဝါလေး..."
ယုန်လေးတွေလို ခုန်စွခုန်စွနဲ့ ငယ့်နံဘေးကနေလိုက်လာသော သေးသေးလေးကိုကြည့်ရတာတော်တော်လေးပျော်နေပုံရသည်။ သူ့ကိုကြည့်ပြီး ငယ်ကိုယ်တိုင်လည်း ပြုံးမိသည်။
ထိုသို့လမ်းဆက်လျှောက်နေရင်း ရုတ်တရပ်ဆိုသလိုနဲ့ ငယ့်ဘေးရှိ သေးသေးလေးက တဟုန်ထိုးပြေးထွက်သွားပြီး...
"ဝုတ် ဝုတ် ဝုတ်..."သစ်ပင်တစ်ပင်နဲ့တစ်ပင်ကူးနေသော ရှဥ့်ပေါက်လေးနောက်ကိုပြေးလိုက်ပြီး ရန်မူတော့သည်။
"ဟော..."
သေးသေးလေးလိုက်လို့ ပြေးနေရသော ရှဥ့်ပေါက်လေးက ငယ့်ညာဘက်ပခုံးပေါ်ကို ခုန်လာတော့ ငယ့်မှာရင်ထဲတလှပ်လှပ်နဲ့ ငယ့်ရဲ့ထည်ဝါအကောင်ပေါက်လေးလားဟုတောင် အောက်မေ့မိသွားသည်။ ထိုခံစားချက်ကြောင့်ပဲ ငယ်သည် ရှဥ့်ကလေးကို အိမ်သို့ခေါ်လာခဲ့သည်။
"ထည်ဝါ....."
တပြိုင်နက်တည်းလှည့်ကြည့်ကြသော ခွေးသေးသေးလေး၊ ရှဥ့်သားပေါက်လေးနှင့် ကြောင်ပေါက်လေးတို့သည် ငယ်ရှိရာသို့အပြေးလာကြလေသည်။"ပြေးသွားတာမျာ ဘယ်တစ်ယောက်ကို ခေါ်တာလဲ ပြောဖို့တောင်မလိုဘူး..."
"အကိုလေးကလဲလေ..."
နောက်ခန်းကနေထွက်လာသောအသက်က အကိုလေး၏အပြောကို ငယ့်ဘက်ကနေကာဆီးပေးသည်။ သို့သော်လည်း အကိုလေးဟာ အသက်ကိုတောင်ဂရုမစိုက်ပါပဲ....
"တိရစ္ဆာန်နာမည်ပဲကွာ ရိုးရိုးပေးလည်းရရဲ့နဲ့၊ မသိရင် ကိုယ့်ညီကပဲ ဒီကောင်တွေလိုလိုနဲ့...." ဟု ညီးတွားသည်။ဆိုဖာအထက်မှာထိုင်ပြီး ဘောလုံးပွဲကြည့်နေသော အကိုလေးက ငယ့်ကိုအပြစ်တင်နေသော်လည်း ငယ်မှာငယ့်ကလေးတွေကို ဤသို့နာမည်ပေးခဲ့ခြင်းအပေါ်မှာ နည်းနည်းလေးမှ နောင်တမရမိပေ။
ထိုသို့ နောင်တမရပဲနေနိုင်တာက ရိုးရှင်းသည်၊ ဒါကိုအကိုလေးသိဖို့လည်းလိုအပ်ပါသည်ဟုယူဆပြီး......
"ထည်ဝါဆိုတဲ့ နာမည်ကို ငယ်ခေါ်လို့မဝလို့ပါ အကိုလေးရယ်" လို့ ပြန်ဖြေဖြစ်တော့ အကိုလေးက ချက်ချင်းပဲ ငယ့်ဆီကနေအကြည့်လွှဲသွားပြီး ဧည့်ခန်းကနေ ထွက်သွားလေတော့သည်။
YOU ARE READING
အချစ်ဦး (Completed)
အပိုင်း (၂၄)
Start from the beginning