အပိုင်း (၂၄)

Start from the beginning
                                    

"ဟုတ်ပြီ...ပြီးပြီနော်၊ ပြီးပါပြီရှင်....."

နောက်ဆုံးတော့ ဒီသေးသေးလေးရုန်းကန်နေသည့်ကြားမှ ရေချိုးခြင်းအစီအစဥ်က ပြီးဆုံးသွားခဲ့သည်။ထိုသို့ဖြင့် သေးသေးလေးကိုရေသုတ်ပေးဖို့ရန် ကိုတားကြီးလက်ထဲအပ်ခဲ့လိုက်ပြီး ငယ်ကတော့ကိုယ့်အခန်းကိုယ်ပြန်ပြီး ရေချိုးလိုက်ရသည်။

မဟုတ်လျှင် မမနေခြည်နဲ့အကိုလေးက မနက်စာအတွက် ငယ့်ကိုတစ်နေနေရာမှာ သွားစားခိုင်းလောက်မည်ဖြစ်သည်။

ငယ်ရေချိုးပြင်ဆင်ပြီး ထမင်းစားခန်းထဲဝင်သည့်အခါမှာ ငယ့်ထက်အရင်ရောက်နှင့်နေပြီဖြစ်တဲ့ ဒရယ်ဂွန်နဲ့အသက်ကလည်း ငယ့်ထံကိုကြည့်ကာပြုံးပြလေသည်။ သို့နှင့် ငယ်တို့သည် နေ့တစ်နေ့၏ ပထမဆုံးအာဟာရဖြစ်သော အမနေခြည်၏ ပါစတာလက်ရာကို စားသုံးကြရလေသည်။

"ဒရယ်ဂွန်လိုက်မလို့လား...."

မနက်စာစားပြီးသည့်နောက်တွင် ငယ်သည်လိုအပ်သည်များကိုယူပြီး သေးသေးလေးကိုချီကာ အိမ်ထဲကနေထွက်ခဲ့လိုက်သည်။ ပေါ်တီကိုအောက်တွင် ငယ့်အားအသင့်စောင့်နေသော ကားတံခါးကိုဖွင့်လိုက်သည့်အခါတွင် ကားရှေ့ခန်းမှ ဒရယ်ဂွန့်ကိုမြင်လိုက်ရခြင်းကြောင့် မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ မမလေး။ သခင်လေးက အခုတလော မမလေးကိုဂရုစိုက်ပေးဖို့ ပြောထားလို့ပါ။"

ကားပေါ်ကိုရောက်ရောက်ချင်းပဲ ကြားလိုက်ရသည့် 'သခင်လေး'ဆိုသော အသုံးကြောင့်ချက်ချင်းပဲ ငယ့်မျက်လုံးလေးတွေက အရောင်လက်လာပြီး...
"ထည်ဝါ ဖုန်းဆက်တာလား။" ဟု အားတက်သရောမေးခိုက်မိသည်။

"မဟုတ်ပါဘူး မမလေး။ အခုတလောသခင်လေးက ဖုန်းလိုင်းဆက်သွယ်လို့မရတဲ့နေရာရောက်နေပါတယ်။ အဲ့တာကြောင့် နန္ဒကနေတဆင့် တောင်ပေါ်ကနေ အောက်ကျင်းကိုလူတစ်ယောက်လွှတ်ခိုင်းပြီး ပြောခိုင်းလိုက်တာ။"

"သြော်..."

နောက်ထပ်ဘာမှပြောဖို့ရန်မရှိတော့တာကြောင့် ငယ်သည် နောက်ကူရှင်ကိုမှီပြီး မျက်လုံးကိုအသာမှိတ်ထားကာ ငယ့်ပေါင်ပေါ်မှာမှေးစက်နေသည့်ထည်ဝါသေးသေးလေးကို ပွတ်သပ်ပေးနေလိုက်သည်။

အချစ်ဦး (Completed)Where stories live. Discover now