"ဟုတ်တယ် အကိုလေး။ ထည်ဝါသေးသေးလေးကို ရေချိုးပေးမလို့...."
"မြန်မြန်ချိုးပေးပြီး ထမင်းစားခန်းထဲဝင်ခဲ့..."
လူမစုံလျှင်မနက်စာမစားတတ်သော ရောင်ဝါက သမီးငယ်၏ခွေးကိစ္စတွေကို ကူညီညာပေးတာမျိုးတော့မရှိပေမယ့်လည်း တစ်ခါတစ်ခါတော့ ညနေဘက်တွေမှာ ခွေးသေးသေးလေးနဲ့အတူ ဘောလုံးကစားတတ်သည်။
"ဟုတ်ကဲ့ အကိုလေး...."
ထည်ဝါသေးသေးလေးကို ကောက်ယူလိုက်တော့ သေးသေးလေးက ငယ့်လက်ထဲမှာငြိမ်ငြိမ်လေးလိုက်ပါလာတော့သည်။ ဒီသေးသေးလေးက သူ့ကိုတယုတယနဲ့ချီပွေ့တာမျိုးကို သိပ်သဘောကျတာဖြစ်သည်။
"ဝုတ် ဝုတ် !!!"
ထုံးစံအတိုင်းပဲ ဘေစင်ထဲကိုထည့်လိုက်တာနဲ့ ဒီသေးသေးလေးအော်တော့သည်။
"မကြောက်နဲ့နော် သေးသေးလေး။ သေးသေးလေးကို သန့်ရှင်းပေးဖို့ မမလုပ်ပေးမယ်...အာ၊ လိမ္မာတယ်နော်။ ကျွတ် ကျွတ်...."
ချော့ကာမော့ကာနဲ့ သေးသေးလေးရဲ့အဖြူရောင် အမွှေးလေးကိုပွတ်သတ်ပေးနေရင်းကနေ အနားတွင်ထောင်ထားသော baby mildရေချိုးဆပ်ပြာဗူးကို အမွှေးလေးတွေပေါ်ကိုညှစ်ချလိုက်သည်။
ပြီးနောက်တွင် အသာအယာကုတ်ချပေးရင်း သန့်စင်ပေးဖြစ်သည်။
"အာရီးဂူးး...သေးသေးလေးက လိမ္မာလိုက်တာ၊ အမလေး ခါယမ်းချနေတာ....ပြောပါဦး ရေတွေဝင်လို့လား၊ "
ဘေစင်ထဲကနေ သေးသေးလေးကအမွှေးတွေခါယမ်းလိုက်သည်ကြောင့် ငယ်သည် အနည်းငယ်နောက်သို့ဆုတ်မိတော့ သေးသေးလေးကဘေစင်ကနေထွက်ပြေးဖို့ကြိုးစားလေတော့သည်။
"ဘယ်ပြေးမလို့လဲ...ခဏပဲသည်းခံလိုက်ပါ ထည်ဝါလေးရယ်။ အင်း အင်း မျက်နှာလေးပဲနည်းနည်းပြပါ။ မျက်နှာလေးသစ်ပေးချင်လို့..."
ညာဘက်ပါးပြင်လေးကိုကိုင်ပြီး ရေချိုးစပ်ပြာလေးနဲ့နားရွက်နှစ်ဖက်ကြားကစ,လို့ မျက်လုံးထဲဆပ်ပြာမဝင်ရလေအောင် အသေအချာလေးဆေးကြောပေးတော့ သေးသေးလေးက အသံတွေမျိုးစုံထွက်ပြီး တွန့်လိမ်နေတာဖြစ်သည်။
KAMU SEDANG MEMBACA
အချစ်ဦး (Completed)
အပိုင်း (၂၄)
Mulai dari awal