အခန်း (၁၂)

4.1K 450 9
                                    


အခန်း (၁၂)
 
ကျွန်မ သူ့စာလေးကို ဖတ်လိုက်မိပြီး ကတည်းက ကလေးအပေါ် ဘယ်လို စိမ်းပြတ်တဲ့ ခံစားမှုမှ မရှိတော့ပါဘူး။ သူ ကျွန်မကို ရန်လိုခဲ့တာတွေကို ကျွန်မ မေ့သွားသလိုပါပဲ။ အကြိမ်ကြိမ် ပြန်ခေါ်ဖို့ ကြိုးစားခဲ့တာတောင် လက်သင့် မခံခဲ့တာတွေကို ကျွန်မ စိတ်ပြေသွားနိုင်ခဲ့ပါတယ်။

အဆိုးဆုံး တစ်ခုဖြစ်တဲ့ အရာက ကျွန်မ တားနေရက်နဲ့ ကျွန်မ ဆံပင်တွေကို တစ်ဖက်သတ် ဆန်ဆန် ရှိုက်နမ်းသွားခဲ့တယ်။ ဒါကိုလည်း ကျွန်မ စိတ်ထဲက ထုတ်ပစ်နိုင်ဖို့ပဲ တွေးပါတော့တယ်။ ဒါပေမယ့် ကလေးရဲ့ ခေါင်းမာပြီး ဇွတ် လုပ်တတ်တာကိုတော့ ကျွန်မ ကောင်းကောင်း သိသွားပါတယ်။နောက်ပြီး ကျွန်မ ပြန်စာ ရေးဖို့ ဆုံးဖြတ်လိုက်မိပါတယ်။

"သမီး"

"ဟင် ဖေဖေ"

"အင်း၊ ဘယ်သူ့ဆီက စာလဲ။ နွယ့်ဆီကလား"

"မဟုတ်ဘူး ဖေဖေ။ နွယ်ကဖြင့် တစ်ခါမှတောင် စာ မရေးခဲ့ဖူးတာ"

"အင်းလေ ၊ဒါကြောင့် ဖေဖေနဲ့ သမီးမေမေ စဥ်းစားကြည့်နေတာ။ တခြား တစ်ယောက် ရှိလာခဲ့တာလား သမီး"

"ဟုတ်တယ် ဖေဖေ"

​ကျွန်မ ဖြေသံကြားတော့ ဖေဖေ့မျက်နှာရော၊ ခုနလေးကမှ ကျွန်မတို့အနား ရောက်လာတဲ့ မေမေ့မျက်နှာရော ကြည်လင်သွားတာ တွေ့ရတယ်။ ကျွန်မကို တခြားသူတွေလို လူမှုဆက်ဆံရေး အဝိုင်းအဝန်းတစ်ခု တော်တော် ရစေချင်ပုံ ပေါ်တယ်။ ကျွန်မ မထင်ထားတဲ့စကားကိုလည်း ထပ် ကြားလိုက်ရတယ်။

"မိန်းခလေးလား၊ ယောကျ်ားလေးလား သမီး။ မိန်းကလေးဆို အိမ်အလည် ခေါ်လေ”

ကျွန်မ တကယ်ကို အံ့သြသွားရပါတယ်။ နွယ့်ကိုတောင် အိမ်အလည်ခေါ်ဖို့ မပြောခဲ့ဖူးတဲ့ မိဘတွေက ဘယ်သူမှန်းတောင်မသိသေးတဲ့ ကလေးကိုကျ အိမ် အလည် ခေါ်ပါလားတဲ့။

"ဟုတ်တယ် သမီးလေး။ အခုမှ Semester တစ်ခုစာပဲ တွေ့ရသေးတာ။ သမီးဆီ စာရေးတယ်ဆိုတော့ သမီးတို့ တော်တော်ရင်းနှီးခဲ့လို့ နေမှာပဲ။ သမီးကလည်း စာရေးခွင့်ပေးခဲ့တယ် ဆိုတော့လေ။ နောက်ပြီး သူကလည်း လေးနက်တတ်တဲ့ သူမျိုးမို့ နေမှာပေါ့"

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Hikayelerin yaşadığı yer. Şimdi keşfedin