အခန်း (၄)

3.6K 507 8
                                    

အခန်း ()

လျှောက်နေကြရင်း ကျွန်မကို မမ မေငြိဏ်း စကားထပ်ပြောတယ်။

"ကလေးက ဓာတုဗေဒ ကို ကြိုက်လို့ ယူခဲ့တာလား"

ပြောရင်လည်း ကျွန်မကို နှုတ်ဆွံ့စေမယ့် အမေးစကားမျိုးချည်းပါလားနော်။ ဒါပေမယ့် ကျွန်မ သူ့ကို ပြန်ဖြေလိုက်ပါတယ်။

"ကျွန်မက ဂုဏ်ထူး နှစ်ခုနဲ့ အောင်ခဲ့တာပါ။ ဒါကို ကျွန်မကြိုက်လို့ ဖြစ်ဖြစ်၊ မကြိုက်ဘဲ တက်နေတယ်ဖြစ်ဖြစ် အစ်မ တစ်ခုခု ထင်ယူလိုက်ပါနော်"

ဒီတစ်ခါ နှုတ်ဆိတ်သွားသူက မမ မေငြိဏ်းရယ်ပေါ့။

တက္ကသိုလ်ဝင်းထဲရောက်လာတဲ့အထိ စကားသံတိတ်နေကြတယ်။ တက္ကသိုလ် အနောက်ဘက်ဂိတ်ပေါက်က လာခဲ့ကြလို့ တီချယ်တွေနေတဲ့ အဆောင်တန်းကို ဖြတ်လာခဲ့ရတယ်။ ဒီလိုနဲ့ ခရေပင်တွေ တန်းစီပြီး ပေါက်နေကြတဲ့ လမ်းကလေးဆီ ရောက်လာတယ်။

ကျွန်မရင်ထဲမှာ အဓိပ္ပါယ်မဖော်တတ်တဲ့ အေးမြမှုတစ်ခုဟာ လှိုက်ခနဲ ​ရောက်လာတယ်။ ဒါ ပထမဆုံးပါ။ ဒါဟာ ခရေရိပ်ကြောင့်လား။ ခရေပင်တွေ ရံထားတဲ့ ညီညာပြန့်ပြူးတဲ့ လမ်းကလေးပေါ် ကျွန်မနဲ့ မမ မေငြိဏ်း နှစ်ယောက် တည်း လျှောက်နေရတာ ကြောင့်လား။

လေပြေတွေရဲ့ ကျီစားနောက်ပြောင်မှုကြောင့် လှုပ်ခတ်ကုန်တဲ့ ခရေရွက် အချင်းချင်း ထိခတ်ရာက ထွက်လာတဲ့ အသံကြောင့်လား။ကျွန်မ မသိပါဘူး။ လူတစ်ယောက်မှမရှိတဲ့ ပတ်ဝန်းကျင် တိတ်ဆိတ်မှုထဲမှာ သစ်ရွက်အနံ့တွေ ရှုရှိုက်ရင်း သူနဲ့အတူတူ လမ်းလျှောက်နေရတယ်ဆိုတဲ့ အသိဟာ ကျွန်မ ခံစားမှုတွေကို ငြိမ့်ငြိမ့်ညောင်းညောင်း ဖြစ်စေတယ်။ ရုပ်ရှင်ပြကွက်တစ်ခုကို မြင်နေရသလိုပါပဲလား။ တကယ်ပဲ ကျွန်မနဲ့ မမ မေငြိဏ်းရဲ့ အဲ့ဒီတဒင်္ဂကို ကျွန်မ ရူးသွပ် ခုံမင်သွားမိပါတယ်။ ဒါ ပထမဆုံးပါကွယ်။

လေတွေက မမ မေငြိဏ်းရဲ့ ဆံနွယ်ရှည်တွေကို လှုပ်ရှား ယိမ်းနွဲ့စေတာ ကျွန်မ မြင်နေရတယ်။ အဲ့ဒီလေပြေတွေဟာ မမ မေငြိဏ်းရဲ့ မွှေးမြရနံ့တွေကိုလည်း ခိုးဝှက် ယူဆောင်သွားကြဦးမလား။ ကျွန်မ ဝန်တိုမိပါတယ်။ မမ မေငြိဏ်းကျော် သိလား။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now