အခန်း (၆)

4.4K 549 5
                                    

အခန်း ()

အဲ့ဒီနောက်ပိုင်း မမ မေငြိဏ်းနဲ့ကျွန်မ ကြုံရင်ကြုံသလို ထမင်း အတူ စားတာမျိုး၊ စာကြည့်တိုက်သွားပြီး စာဖတ်တာမျိုး လုပ်လာခဲ့ကြတယ်။ ကြုံရင် ကြုံသလိုဆိုတာက မမ မေငြိဏ်းရဲ့အားလပ်ချိန်နဲ့ ကျွန်မအားနေတဲ့အချိန် တိုက်နေတာမျိုးကို ပြောတာပါ။

နေ့တိုင်းတော့ မတူနိုင်ဘူးလေ။ တချို့နေ့တွေမှာ မမ မေငြိဏ်း နေ့လည်စာစားချိန် အဆောင်မှာရှိပေမယ့် ကျွန်မ အတန်းသွား နေရတာမျိုးလည်း ရှိတာကိုး။ ညစာကတော့ အတူတူစားဖြစ်တာ များပါတယ်။

မမ မေငြိဏ်းက ထမင်းစားချိန်တွေမှာ ကျွန်မနဲ့အတူတူမို့ အရင်လို အခန်းထဲ စားသောက်တာမျိုး သိပ် မရှိတော့ပါဘူး။ ဒါပေမယ့် လူမြင်ကွင်းမှာ ကျွန်မနဲ့ အချိန်သိပ်မဖြုန်းပါဘူး။ အတူဆုံပြီး ပြန်ခွဲတော့မယ်ဆို ကျွန်မ ဘာဆက်လုပ်မလဲ ပြောပြရပါတယ်။

ဥပမာ အခု ကျွန်မတို့အတူတူ ထမင်းစားနေတယ်ဆိုပါစို့။ စားပြီးရင် ကျွန်မ ဘာလုပ်မလဲလို့ မမ မေငြိဏ်းက မေးလေ့ရှိပါတယ်။ ကျွန်မက စာကြည့်စရာ ရှိတာဖြစ်ဖြစ်၊ စာဖတ်ချင်တာပဲဖြစ်ဖြစ်၊ တခြားအဆောင်သူတွေနဲ့ အတူ တီဗီကြည့်ချင်တာဖြစ်ဖြစ် တစ်ခုခုဖြေပေးရပါတယ်။

ကျွန်မရဲ့ ဘယ်လိုအဖြေကိုမဆို မမ မေငြိဏ်း ဘာမှမပြောပါဘူး။ မေးရုံမေးပြီး သူသိသွားရင် ပြီးသွားပါတယ်။ သူကတော့ ထုံးစံအတိုင်း အခန်းထဲမှာပဲ အနေများပါတယ်။ ကျွန်မကလည်း စာကြည့်တိုက်သွားတာ၊ ထမင်းအတူ စားတာက လွဲပြီး တခြားတီဗီကြည့်တာမျိုး၊ စကားပြောချင်တာမျိုး ကျွန်မနဲ့အတူ အချိန်ဖြုန်းဖို့ သူ့ကို တစ်ခါမှ မခေါ်တတ်ပါဘူး။

ကျွန်မနဲ့ မမ မေငြိဏ်းက ရင်းနှီးလားဆိုရင် ရင်းနှီးပါတယ်လို့ ဖြေလို့ရပြီး အရမ်း ရင်းနှီးလား ဆိုရင်တော့လည်း မဟုတ်ပြန်ပါဘူး။ အသက်အရွယ်ပဲ ကွာလို့လား။ ဘာကြောင့်မှန်း မသိပေမယ့် မမ မေငြိဏ်းနဲ့ ကျွန်မဟာ စည်းတစ်ခုရဲ့ အတွင်း ဘက်ကလိုလို၊ အပြင်ဘက်ကလိုလို သီးသန့်ဆန်ဆန် ရင်းနှီးနေကြရပါတယ်။ ဘာစည်းလဲ ကျွန်မ မသိပါဘူး။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Kde žijí příběhy. Začni objevovat