ရိပေါ် ရှိသမျှအတွင်းအားတွေ စုစည်းလို့ ဖီးနှစ်ငှက်ပုံသဏ္ဍာန်ပြောင်းလိုက်သည်။ ခန္ဓာကိုယ်က တဖြည်းဖြည်းပြောင်းလဲလာတာကို ခံစားလိုက်ရပြီး မကြာမီ တောင်ပံတွေကိုပါ ခံစားလိုက်ရတာကြောင့် အားကုန်သုံးလို့အပေါ်ကိုပျံတက်ဖို့အားယူလိုက်တယ်

yb' pov: အဟွန့် အဖိုးကြီးဘာတက်နိုင်သေးတုန်း။ သွားအကြီးကြီးမှ အားမနာ ရိပေါ်ကို ကြာပန်းဟင်းချိုလုပ်သောက်ချင်နေသေးတယ် ဟွန့်။ သွားနှင့်ပြီး နတ်ဆိုးကြီးရေ ဟင်.......မိုးကဘာလို့ ရုတ်တရက် အုပ်မှိုင်းလာပါလိမ့်။

မကြာခင် ပျံတက်တော့မယ် ရိပေါ်လေးခမျာ မှောင်မှောင်မည်းမည်းဘာမှန်းမသိတဲ့ဟာကြီး အအုပ်ခံလိုက်ရပြီး ထွက်ပေါက်ပိတ်သွားသည်။

တကယ်တော့ ရိပေါ်ကို အုပ်လိုက်တာ ရှောင်းကျန့်ရဲ့ လက်ဖဝါးတစ်ဖက်ပါ။ ရှေ့မကြည့် နောက်မကြည့် ဇွတ်ပျံချင်နေတဲ့ ရိပေါ်က သူအတွင်းအားမလုံလောက်တာကြောင့် ဖီးနစ်ငှက်အကြီးကြီးဖြစ်သွားမယ့်အစား စာကလေးငှက်ပေါက်စလေးဖြစ်သွားတာကို သိဟန်မတူ။ တောင်ပံပေါ်လာတိုင်း ပျံမယ်လုပ်နေတာကြောင့် ရှောင်းကျန့်ခမျာ လက်ထဲက ကြာပန်းဖြူလေးမလွတ်သွားဖို့အရေး လက်တစ်ဖက်နဲ့ အမြန်အုပ်ဖမ်းလိုက်ရသည်။

" အဟက် အဆိုးလေးပါကွာ "

Zawgyi


" ကြာပန်းဖြူလေး မင်း ဒီနေ့ကစပြီးကိုယ့်အပိုင်ဘဲ "

ရှောင်းကျန့် ရေကန်ထဲက ထလိုက်ပြီးဝတ်ရုံကို ကိုယ်ပေါ်မှာ လွှမ်းခြုံလိုက်သည်။

ပြီးတာနဲ့ ရေကန်ထဲမှာ ကျန်နေခဲ့တဲ့ ကြာပန်းဖြူလေး အဟက် တနည်းအားဖြင့် ကြာပန်းနီလေးကို ခူးလိုက်တော့ လက်ထဲအလွယ်တကူပါလာတာကြောင့် ပြုံးလိုက်ပြီး နတ်ဆိုးနန်းဆောင်ကို ယူဆောင်သွားလိုက်တယ်။

yb's pov: ဟင် ဒီလူအိုကြီးက ငါ့ကို ဘယ်ခေါ်သွားမလို့လဲ။ ငါငှက်ပုံပြောင်းလိုက်ရမလား။ မဟုတ်သေးဘူး အခုချိန်ပြောင်းလိုက်ရင် ပိုသိသာတယ်။ဟင့် ပါးပါးရေ ခမည်းတော်ရဲ့ရက်စက်မှုကြောင့် သားတော်လေးကို နတ်ဆိုးကြီးဖမ်းခေါ်သွားပြီ။မဟုတ်မှ ကြာစွယ်ဟင်းချိုများ ချက်သောက်တော့မလို့လား။အီး ငါလေးမသေချင်သေးဘူး။ နန်းဆောင်မှ မွှေလို့မဝသေးဘူးလေ။ ရိပေါ်လေးမရှိတော့ရင် ဥယျာဉ်ထဲက မက်မွန်သီးတွေ အထီးကျန်နေလိမ့်မယ် ဟင့် "

ရှောင်းကျန့် လက်ထဲက အနီရောင်ကနေ တဖြည်းဖြည်း အဝါ‌ရောင်လေးကို ပြောင်းလာတဲ့ ကြာပန်းလေးကိုကြည့်ပြီး နှုတ်ခမ်းအစုံတွန့်ချိုးသွားတယ်။ ကြောက်နေတဲ့ ကြာပန်းဖြူလေးကို ထပ်ပြီးစနောက်ချင်နေသေးတာကြောင့်

" အင်း ကြာပန်းဟင်းချိုလေးနဲ့ ငါးကင်နဲ့ဆိုရင် "

ပြောရင်း လျှာသပ်လိုက်တဲ့ ရှောင်းကျန့်ကြောင့်

Yb's pov: အီး အင့် ပါးပါးရေ ကြာပန်းဟင်းချိုတဲ့။

ရိပေါ်မှာ ချက်ချင်းလက်ငင်းပြောင်းပြီးပြေးလိုက်ချင်သော်လည်း အစွမ်းတွေထိန်းချုပ်ခံထားရတာကြောင့် သိပ်ပြီးအဆင်မပြေ။အခုတောင် တော်တော်အားနည်းနေပြီပင်။

Yb's pov: မဖြစ်ဘူး အတွင်းအားအဲ့လောက်မကျန်တော့ဘူး။ ဘာပြောင်းရမလဲ စဉ်းစားစမ်း စဉ်းစားစမ်း။ကောင်းကင်ပုံမှာ မွှေလာတဲ့ဦးနှောက်က သေခါနီးအချိန်ကျ ဘာမှထွက်မလာတော့ဘူး။အာ ဟုတ်သား ဦးလေးငယ်ရဲ့ ဖီးနှစ်ငှက်ပုံစံပြောင်းလိုက်လို့ရတယ်။ အဲ့တာမှ ဒီလူကြီးကြောင်ကြည့်နေတုန်းပျံပြေးလို့ရမှာ





" အဟက် အဆိုးလေးပါကွာ "

System 13 (season 2 ) (Completed)Where stories live. Discover now