Between space

1.5K 146 10
                                    


Unicode

At the other side

အခုဆိုရင် ပေါက်စီလုံးလေးတောင် တော်တော်အရွယ်ရောက်လာပြီ။ စကြာဝဠာ တစ်ခွင်ပြဲ​ပြဲ စင်အောင် မွှေလွန်းတဲ့သားတော်မောင်ကြောင့် မိုးကြိုးနတ်ဘုရားနဲ့သူ့ကြင်ရာတော်လေးခမျာမှာတော့ အချိန်ရှိတိုင်းအတိုင်ခံနေရသည်။

* မိုးကြိုးနတ်ဘုရားရဲ့သားတော် နတ်ဘုရားဘုံစာကြည့်တိုက်ကစာအုပ်တွေကိုစွန်လုပ်ပြီးဆော့ပစ်ကြောင်းပါ *

* အိပ်မက်နတ်ဘုရားလေးက လနတ်ဘုရားရဲ့ယုန်လေးတွေကိုသစ်ပင်မှာတွဲလောင်းချည်ထားကြောင်းပါ *

* အရှင့်ရဲ့သားတော်က ကျွန်တော်မျိုးမစိုက်ထားတဲ့ နှစ်တစ်ထောင်ပန်းကိုနှုတ်ယူပြီး လမ်းဘေးနားက တွေ့ကရာပန်းကို ထိုးစိုက်ထားခဲ့ပါတယ် *

စသဖြင့် တိုင်ကြားစာများကိုဖတ်ရင်းတစ်နေ့တစ်နေ့သွေးတိုးလာရတယ်။

Jk: ပေါက်စီလုံး...

Yb: ခင်ညာ..

Jk: နတ်ဆေးသမားတော်အဆောင်က အမြုတေအားတိုးဆေးတွေကို ဝမ်းနှုတ်ဆေးနဲ့လဲထားတယ်ဆို

Yb: ခမည်းတော်ကလည်း သားက

Jk: တော်တော့ ဘာဆင်ခြေမှပေးမနေတော့နဲ့။ ကိုယ့်အပြစ်ကိုယ်သိတယ်မလား

Yb: ဟုတ်

Jk: သွား..ရေခဲဂူမှာတစ်လတိတိ ဂူပိတ်လေ့ကျင့်နေတော့

Yb: ဟင့်...ခမည်းတော်

Jk: လာပြီး မျက်ရည်ခံထိုးဖို့မစဥ်းစားနဲ့တော့။ ဒီတစ်ခေါက်တော့ အပြစ်ကိုသေချာခံယူရမယ်

Yb: အဟင့်...ပါးပါး

Yibo တစ်ယောက် စိတ်စွမ်းအင်နဲ့ပါးပါးကို လှမ်းဆက်သွယ်လိုက်တယ်။

ခနကြာတော့ နန်း​ဆောင်ထဲကိုဝင်လာတဲ့အဖြူရောင်အရိပ်လေး။ ခြေလှမ်းကိုတစ်လှမ်းချင်းလှမ်းလာပြီး မိုးကြိုးနတ်ဘုရားဘေးမှာဝင်ထိုင်လိုက်ကာ

Jm: ဒီတစ်ခါရော ဘာအပြစ်လဲ

Yb: ဟင့်...ပေါက်စီလုံးလေးက စေတနာ ကူညီပေးလိုက်တာကို

Jk: နတ်ဘုရားတွေကို ဝမ်းလျှောအောင်လုပ်တာစေတနာလား ဟမ်

Jm: ကိုကို ပေါက်စီလုံးလေးကိုဘာလို့အော်နေတာလဲ

System 13 (season 2 ) (Completed)Where stories live. Discover now