အပိုင်း(၄၄)

Mulai dari awal
                                    

ဧကရာဇ်က ထိုကိစ္စသည် နိုင်ငံရေးအကျိုးစီးပွားလို့ ပြောလာတဲ့အခါမှသာ အထက်တန်းလွှာတွေရဲ့ပါးစပ်တွေ ပိတ်သွားတော့သည်

ဧကရာဇ်က နူးညံ့သော မျက်နှာထားနှင့်ပြောလာခဲ့သည်
[မင်းတို့ သူတော်စင်အတွက်စိတ်ပူကြတယ်ဆိုရင်လဲ ကိုယ်ပိုက်ဆံ ကိုယ်စိုက်ပြီး သူအတွက် အစောင့်အရှောက်ငှားပေးလိုက်လေ သူမကိုစောင့်ရှောက်ဖို့ လူအယောက်တရာလောက် စုဆောင်းတာကိုတော့ ကိုယ်တော်မတားပါဘူး]

အက်စတယ်လာကိုယ်တိုင် ဂရုစိုက်ပေးခဲ့တဲ့ သာမန်လူတန်းစားတွေရဲ့ တုံ့ပြန်မှုမှာ အထက်တန်းလွှာတွေထက်တောင် ပိုပြီးပေါက်ကွဲထွက်နေသေးသည်

အထူးသဖြင့် ပန်းမြက်စံအိမ်ကနေ ကုသပေးခံလိုက်ရတဲ့ သူတွေက အက်စတယ်လာလက်ကို စိတ်ပျက်လက်ပျက်မျက်နှာထားများနှင့် ဆုတ်ကိုင်ထားကြသည်

[သူတော်စင်က ငါတို့ကို စွန့်ပစ်သွားရင်ဘယ်လိုလုပ်မလဲ ငါတို့က သူတော်စင်မရှိပဲ အသက်ရှင်နိုင်မှာမဟုတ်ဘူး]

[မင်းပြောတော့ ငါပြန်ပြီးကျန်းမာလာတဲ့အထိ ငါ့ကို ဂရုစိုက်ကုသပေးမှာဆို]

[ကျေးဇူးပြုပြီးမသွားပါနဲ့]

ကလေးတွေကနေ အမေတွေ အလုပ်သမားတွေနှင့် သက်ကြီးရွယ်အိုတွေအထိ သူတို့အားလုံး စိတ်ပျက်လက်ပျက်မျက်နှာထားများဖြင့် အက်စတယ်လာကို ဆွဲထားကြသည်

သူတို့ကို ရပ်တန့်ပစ်သူက ကားလစ်ပင် ကားလစ်ရဲ့ အနက်ရောင်မျက်လုံးတွေက သူတို့ကို ဖောက်ထွင်းသွားသလို စိုက်ကြည့်သည်

[စိတ်မပူပါနဲ့ အခုကနေစပြီး မင်းတို့ကို ငါကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးထားမှာ]

အက်စတယ်လာ ထွက်သွားတဲ့အခါ ပန်းမြက်စံအိမ်ကို စောင့်ရှောက်ဖို့ တာ၀န်ရှိသူက ကားလစ်ပင် အက်စတယ်လာကိုလဲ ဂရုစိုက်ရဖို့ လိုသေးသည် ဒီတခုထဲကသာ သူမအတွက် ကားလစ်လုပ်ပေးနိုင်သောအရာပင် သူရဲ့လှပသောနှလုံးသားက သူတို့နှစ်ယောက်ရဲ့အချစ်ကနေ ဖန်တီးခံထားရတာပင် ဒါပေမဲ့ သူရဲ့ ရိုးသားကြင်နာမှုနဲ့ဆန့်ကျင်စွာ လူတွေကတော့ ကွဲပြားစွာခံစားနေရပုံပေါ်နေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးTempat cerita menjadi hidup. Temukan sekarang