ချန်းငိုနေခဲ့တယ်၊သူ(မ)သိတဲ့ ချန်းက
မျက်ရည်တော်ရုံကျတဲ့ အမျိုးသားမဟုတ်။
သူတို့တွေရဲ့ ကံကြမ္မာက အစောကတည်းက
သတ်မှတ်ထားပြီးပြီထင်သည်၊မျက်ရည်တွေကို
သုတ်ပေးမိတော့ လက်တွေကို ဆုပ်ကိုင်လာပြီးနဖူးကို ခပ်ဖွဖွနမ်းလာတဲ့ ချန်း။လက်တွေ့ဆန်တဲ့အကြောင်းပြချက်တွေမရှိဘဲ သူတို့ နှစ်ယောက်အတွက် ကောင်းခြင်း ဆိုးခြင်းမမည်တဲ့ အဆုံးသတ်ခြင်းပေါ့။

{~}{~}

ချန်းလေးကို မတွေ့ဖြစ်တာက
တကယ်ကိုကြာနေပြီမို့ စကားပြောဖို့
လိုက်ရှာပေမဲ့ တစ်နေကုန်မတွေ့။
ချန်းလေး အဆောင်ရှေ့မှာ ရပ်စောင့်နေမိတော့
သိပ်မကြာလိုက်ပါ ပ၀ါစထူထူကို မျက်နှာအုပ်ထားကာ ချန်းလေးအဆောင်ကနေ ထွက်လာတဲ့
ယွန်းဆောက သူ့ကိုမြင်တော့ ထိတ်လန့်သွားဟန်။

'အစ်ကို၊အစ်ကိုဆော့ဂျင်´

'ယွန်းဆောက ဒီကို ဘယ်လိုဖြစ်ပြီး'

'အဲ့တာက ​ချန်းကို လာတွေ့တာပါ´

'ချန်းလေးနဲ့ ယွန်းဆောနဲ့က'

'အရင်ကအကြောင်းတွေပါ အစ်ကို၊အခုလည်း
သူ့ကိုရုတ်တရက်တွေ့လိုက်မိတာနဲ့´

'ယွန်းဆောသိထားလား၊ချန်းလေးက'

'သိပါတယ်၊​ချန်းက ယွန်းဆောကိုထားခဲ့တာလည်း အဲ့တာတွေကြောင့်လေ၊သူတစ်ဘ၀လုံးကို ပေးဆပ်ရင်းနဲ့ပဲ ကုန်ဆုံးနေချင်တာလား
မသိတော့ဘူး၊ယွန်းဆော...ယွန်းဆောလေ
ဒီအခြေအနေတွေကြားမှာ အများကြီး ပင်ပန်းတယ်´

သူ့အရှေ့မှာ တသိမ့်သိမ့်နဲ့ ဖွင့်ဟပြီး ငိုနေတဲ့
ယွန်းဆောက ချန်းလေးကိုတော်တော်ချစ်သည့်ပုံ။ချန်းလေးပြောပြဖူးတဲ့ ဇာတ်လမ်းက ယွန်းဆောနဲ့ ချန်းလေးရဲ့ ဇာတ်လမ်းဆိုတာကို သိလိုက်ပြီပေမဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ
ဘေးလူအနေနဲ့ အကြံပေးဖို့ကလွဲမရှိပေ။
ငိုနေတဲ့ ယွန်းဆောကို ဖက်ပြီး ကျောကို ခပ်ဖွဖွ
ပွတ်ပေးတော့ညီမလေးတစ်ယောက်ကို
အစ်ကိုက ချော့မြူရတဲ့ ခံစားချက်ပင်။

'ချန်းလေးက ယွန်းဆောကိုချစ်တာ ယွန်းဆောသိမှာပါ၊ပြီးတော့ တောင်းပန်ပါတယ်...အစ်ကိုတို့ကြောင့် ယွန်းဆောက'

More Than ForeverWhere stories live. Discover now