Uni
‘ဂျွန်...’
စာကြည့်ဆောင်မှာ စာအုပ်ဖတ်နေရင်းမှ အရှေ့ကနေ လှမ်းခေါ်တဲ့ အကို့အသံက ခပ်တိုးတိုး။
အကိုပြောလေဆိုတဲ့ပုံစံနဲ့ ကြည့်လိုက်ပြန်တော့လည်း
ပြန်ငြိမ်ကျသွားပြန်သည်။“အကိုပြောလေ၊ပြောစရာရှိလို့မလား”
‘ဂျွန်လေ အကို့ကို မြင်းစီးသင်ပေးပါလား’
“အကိုကသင်ချင်တယ်ဆို သင်ပေးရမှာပေါ့။ဒါကိုပြောဖို့ကို အကိုက မရဲဖြစ်နေရတယ်လို့”
‘ဂျွန်က အိမ်ရှေ့စံတစ်ယောက်လေ အကို့ကြောင့် အလုပ်များကုန်မှာစိုးလို့ပါ’
“မများပါဘူး အကိုရဲ့။ ကျွန်တော် သင်ပေးပါ့မယ်”
‘ဂျွန်က အကောင်းဆုံးပဲ’
လိုချင်တာရသွားတဲ့ ပြုံးနေတဲ့ အကို့အပြုံးတွေက သာမန်အချိန်တွေက အပြုံးတွေထက်ကို ပိုတောက်ပပြီး လှနေသေးသည်။
...
‘ချန်းလေး မင်းအတွက် ကင်မ်ချီ’
'ဆော့ဂျင် အစောကြီးရောက်လာတာပဲ'
‘ဟုတ်တယ် ဒီနေ့ မြင်းစီးသင်ရမှာမို့လေ စောစောထွက်ခဲ့တာ’
'အိမ်ရှေ့စံ ကိုယ်တိုင်သင်ပေးမှာပေါ့
သေချာလေး သင်နော် ဆော့ဂျင်။'‘စိတ်ချ ချန်းလေး၊ကျွမ်းကျွမ်းကျင်ကျင် စီးတတ်အောင်ကို သင်မှာ’
'ဟုတ်ပါပြီ သွားတော့လေ။နောက်ကျနေဦးမယ်
ငါ အိမ်ရှေ့စံ ကိုယ်စားခိုင်းထားတာလေး သွားလုပ်လိုက်ဦးမယ်'‘အင်း ချန်းလေး ကြိုးစားထား’
'ဟုတ်ပါပြီ'
ချန်းလေးရဲ့အပြုံးတွေက ဖြူစင်လွန်းသည်။
သူတို့စတွေ့တဲ့အချိန်ထဲက အခုထိ အချိန်တွေတိုင်းမှာ
ချန်းလေးရဲ့အပြုံးတွေက လှလွန်းနေသည်ချည်းပင်။
ချန်းလေးက ဘယ်သူနဲ့မှအစားထိုးမရနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်မှာကိုတော့ ပြောစရာပင်မလို။<~><~>
‘ဂျွန် အကို မြင်းပေါ်ကနေ ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ’
YOU ARE READING
More Than Forever
Fanfiction"ကျွန်တော်ပြောထားဖူးသလိုပဲ၊ ကျွန်တော်ကအစ်ကို့ရဲ့ထာ၀ရဂျွန်" "အစ်ကိုကလည်း ထာ၀ရဂျွန့်အပိုင်ကင်မ်" _More Than Forever_