၃၁။ သေစေနိုင်လောက်တဲ့အပြုံးပန်းတစ်ပွင့်ပန်ဆင်ထားလှသူ (uni+Zawgyi)

Start from the beginning
                                    

လင်းမြင့်ဇရာမျိုး ကားအပြင်ဘက်ကိုထွက်ပြီး သူမလေးထိုင်ဖို့ကားတံခါးသွားဖွင့်ပေးလိုက်သည်။ သူအလိုက်တသိသွားဖွင့်ပေးလိုက်ပေမဲ့ မာနကြီးလေးကတော့ အပြုံးတစ်ချက်တောင်စွန့်မကြဲလာခဲ့ချေ။

ကားပေါ်ရောက်သည်နှင့် အချိန်မလစ်ဟင်းရလေအောင် စကားစမြည်တောင်မပြောတော့ပဲ ဘောင်ဒရီလမ်းမှာရှိတဲ့စံအိမ်ကြီးသို့သာ တိတ်တဆိတ်ထွက်ခွာသွားတော့သည်။ သူတို့ မုန်းပန်းရာဇဝင်ကို ဖမ်းဆီးရာတွင် အခက်အခဲဖြစ်မည်ဆိုး၍ ဘိလပ်ကလာမည့် ဘ‌ေင်္ဘာပေါ်မှာပါလာမည့်ဦးရာဇဝင် ကို  နှောင့်နေးစေဖို့သ‌ေင်္ဘာဆိပ် မှာစောင့်ကြည့်ခိုင်းထားပြီဖြစ်သည်။

ဘောင်ဒရီလမ်းမှာ ရှိသည့် စံအိမ်၏ အနီးအနားကိုရောက်တော့ ၁၀ချက်တီးခံနီးလေပြီ။

" အနွယ် ဆယ်ချက်တီးလို့ထွက်မလာခဲ့ရင် ကိုယ်အဲ့သည့်စံအိမ်ထဲဝင်သွားပြီးတရားခံကိုဖမ်းဆီးမှာမို့အနွယ်က ကားထဲမှာပဲ နေပေးပါနော် စိတ်မချလို့ပါ"စိတ်ပူတကြီးပြောလိုက်ပေမဲ့သူမလေးဘက်ကတော့ အေးစက်စက်အကြည့်တစ်ချက်ကိုသာလက်ခံရရှိခဲ့လေသည်။

အနွယ် အပြင်ပန်း၌တည်တည်ငြိမ်ငြိမ် ရှိနေပေမယ့် တဂယ်တန်း စိတ်လှုပ်ရှားမှုဒဏ်ကိုခံနေရတာ သူသာအသိပေ။ သူမ ဒီနေ့အနီရောင်တောက်တောက်ကိုဝတ်ဆင်လာရသည်က သူမဟာ ရဲရင့်သည့်စိတ်ဓာတ်ကိုပိုင်ဆိုင်ထားသည်ကိုလက်ခံဖို့သာဖြစ်သည်။ အမူအရာကမရဲရင့်ခဲ့သည်ရှ်ိသော်လည်း အနီရောင်ကတော့ ရဲရင့်မှုကိုဆောင်ကျဉ်းပေးသည်မဟုတ်လား။

" ကျွန်မ အတည်ပြုစရာရှိတယ် သည်ကြောင့်ကျွန်မအရင်စံအိမ်ထဲဝင်သွားပြီး ကျွန်မသာပြန်ထွက်မလာခဲ့မှ မြို့အုပ်မင်းလိုက်ဝင်လာပါ"

သူတို့နှစ်ယောက်လုံးစိတ်လှုပ်ရှားမှူကိုယ်စီကို ရင်ဝယ်ပိုက်ပြီးဆယ်ချက်ထိုးမှာကိုသာ တိတ်တဆိတ်စောင့်နေခဲ့ကြသည်။ နောက်ဆုံးတော့ဆယ်ချက်ထိုးသွားခဲ့လေပြီ။ ဆယ်ချက်ထိုးပြီး လက်တံအသေးဟာ ဆယ် ဂဏန်းကို ညွှန်ပြနေပြီးလက်တံအကြီးဟာ နံပါတ်၅ ကို ညွှန်ပြနေသော်လည်း မြို့အုပ်မင်းပြောသည့်သူဟာ ယခုထက်ထိတိုင် ထွက်မလာခဲ့ချေ။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now