part 8

1.2K 17 0
                                    

ဆေးလိပ်တွေကအစပိုင်းမှာသောက်ရခက်သလောက် တလိပ်ပြီးတလိပ် တလိပ်ပြီးတလိပ်ကုန်ဆုံးသွားချိန်မှာတော့ လူကရီဝေဝေနဲ့ လူကတိမ်ပေါ်မှာလွင့်သွားသလိုမျိုး ဆေးလိပ်ငွေ့တွေကြားပျောက်သွားစလိုမျိုး စီးကရက်ဆိုတာမျိုးကသိပ်စွဲလွယ်တာပဲမောင်..

အိုးလေ .မောင်နဲ့ပတ်သက်လိုက်သမျှကစွဲလမ်းစရာတွေချည်းပဲ... အင်းနဲနဲတော့နာကြင်ရပေမဲ့ပေါ့
နောက်ဆုံးဆေးလိပ်ကိုသောက်ပြီချိန်မှာ
ခပ်စိုစိုနှုတ်းခမ်းကနီညိုရောင်ပြောင်းနေချေပြီ
လူကလဲရီဝေဝေနှင့် ဘာမှမတွေးနိုင်တော့ပဲဝရံတာမှာပဲ ခွေပြီးအိပ်ပျော်သွားတော့သည်

နာရီသံတချက်ချက်က၂နာရီထိုးကြောင်းသက်သေပြလာလေပြီ သို့သော် အာဏာစက်ရဲ့အရုပ်ကလေးကမူ အခန်းထဲပြန်ရောက်မလာ မျက်မှောင်တချက်ကျုံ့လိုက်ပြီးဝရံတာကိုထွက်လာမိတော့
ဆေးလိပ်အတိုအစတွေကိုညီညီလေး ထည့်ထားပုံရပြီး ခပ်ခွေခွေအိပ်ပျော်နေတဲ့အရုပ်ကလေး
သူတချက်ပြုံးမိသွားပြီးမှ မျက်မှောင်ကိုကျုံ့လိုက်ရင်း

"ဟေ့ ထစမ်း ထစမ်း နန်းခက်ခက်နွယ''် ခြေထောက်ကိုသုံးပြီး နှိုးလိုက်ပေမဲ့ ခပ်ရီရီဝေကြည့်ပြီး
ခြေထောက်ကိုဆွဲဖက်လိုက်ကာ နှုတ်ခမ်းကိုဆူုပီး
မောင်လားကန်နဲ့ဆိုပြီး ခြေထောက်နဲ့ပါးကိုခွေးပောက်လေးလိုလာပွတ်သက်နေသေးသည်

သည်မိန်းမကဘာလား ဒီလောက်ချစ်ဖို့ကောင်းနေတာနောက်ဆုံးတော့စိတ်မရှည်တဲ့ကိုယ်ကပဲ
လက်ကနေတရွတ်တိုက်ဆွဲခေါ်ပြစ်လိုက်သည်

ထိုအခါမှပြူးတူးပြဲတဲနှင့်နိုးလာပြီး မျက်လုံးလေးပြူးပြီး
ပေကလက်ပေကလက်နှင့် အခန်းထဲပြေးဝင်သွားတော့သည်

"ဟက် ကျပ်မပြည့်ချက် ဘယ်သူကထင်မလဲ နန်းဆက်မနွယ်ကကျပ်မပြည့်တဲ့သမီးတစ်ယောက်ကိုမွေးခဲ့မယ်ဆိုတာ''

သူပြောရင်းအခန်းထဲဝင်လာခဲ့တော့သည်

အေးခနဲဖြစ်သွားတဲ့အထိအတွေ့ကြောင့် နန်းခက်ခက်နွယ်နိုးလာတော့ရေခဲရေတခွက်ကိုကိုင်ကာ
ဘေးမှာရပ်နေသော သခင်..

ဘေးဘီကိုဝဲကြည့်လိုက်တော့ ဒါကအခန်းထဲမှာပဲ
ဘယ်လိုရောက်လာတာလဲ သေချာစဉ်းစားလိုက်မှတဖျက်ဖျက်ပေါ်လာသောမှတ်ဥာဏ်များ

fall in love with the bad guy(လူယုတ်မာတယောက်နှင့်ချစ်ကျွမ်းဝင်ခြင်း)Where stories live. Discover now