part4

1K 18 7
                                    

Zawgyi
ဆေးလိပ်ကိုထုတ်ပြီး နှုတ်ခမ်းနားအကပ်မှာ မီးလာညှိပေးသူက သူ့အတွင်းရေးမှူး နိုင်းသူရိန်
ဆေးလိပ်ကိုဖွာထုတ်လိုက်သူက နှစ်ယောက်မရှိတဲ့
ထည်ဝါ gpရဲ့ မှိုင်းအာဏာစက် အာဏာစက်ဆိုတဲ့
နာမည်ကပဲစီးသလားတော့မသိ
ဒီလောကမှာတော့  အာဏာစက်ရဲ့ အာဏာလက်က
လွတ်ကင်းသူမရှိ ဒီလိုဖြစ်အောင်လဲ
ဘယ်လောက်တောင်ကြိုးစားခဲ့ရသလဲ  ဘယ်သူ့ရှေ့မှာမှ ဦးမညွှတ်ရဖို့ ဘယ်သူ့ကိုမှအဖက်မလုပ်နိုင်ဖို့
ရင်းရတာတွေက ထင်ထားသလောက်မနည်းလှ
အသက်၂၉လို့မထင်ရလောက်အောင်နုပျိုတဲ့မျက်နှာက
စူးရှပြီးအနတ်ရောင်အရိပ်တွေသာမသန်းနေခဲ့ရင်
အရမ်းကိုဖြူစင်တဲ့၁၈နှစ်အရွယ်ကလေးတယောက်လို့ထင်မြင်စရာပေမဲ့ အဝတ်အစား အနေအထိုင်က
ဒါမငယ်တော့တဲ့ လုပ်ငန်းရှင်တယောက်ဆိုတာ
သိသာစေပါသည်
အာဏာစက်မှာအထူးခြားဆုံးက ခြေလွန်းတဲ့ခြေတံတွေလည်းမဟုတ်၆ပေကျော်နေတဲ့အရပ်လဲမဟုတ်
အကြောတွေထောင်နေတဲ့လက်လဲမဟုတ် ပုံစံနဲ့မလိုက်အောင် နုဖက်အုအက်နေတဲ့ မျက်နှာလေးလဲမဟုတ်ပါ ကြောက်စရာကောင်းလောက်အောင်နတ်မှောင်နေတဲ့ မျက်လုံးတွေကသာ အထူးခြားဆုံးဖြစ်မည်
စူးရှပြီး အမည်မသိတဲ့ အရိပ်အငွေ့တွေက ရုတ်တရက်
စိုက်ကြည့်မိလျှင်အေးခဲသွားနိုင်သလိုမျိုး
ငရဲကိုရုတ်တရက်မြင်လိုက်ရသလိုမျိုး သာဖြစ်ပေလိမ့်မည်

''နိုင်း.. '' တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ခပ်သြရှရှအသံက အေးစက်စက်ထွက်လာလေသည်
'' ဟုတ်ကဲ့ သူဌေး ပြောပါခင်ဗျ''နိုင်းကိုသဘောကျတဲ့အချက်က ဘယ်လောက်သူ့အပေါ် ကောင်းပေးပေးကိုကိုသေသေရှိနေတက်တာပဲ အာဏာစက်ဆိုတာက
လူတိုင်းကိုကိုယ့်အပေါ်ရိုကျိုးနေမှ
''ဒီညအတွက် တယောက်လွှတ်လိုက်
ပျော့တိပျော့ဖက်ကောင်မတွေတော့မဖြစ်စေနဲ့ ''
အင်း အာဏာစက်က BDSMလောကမှာရောစီးပွားရေးလောကမှာရော မြေအောက်လောကမှာပါ
ဘုရင်  ကိုယ်နဲ့playရဲတဲ့သူကခပ်ရှားရှား
ကိုယ့်ဒဏ်ခံနိုင်တဲ့တယောက်သောသူကလွဲလျှင်
sadistတယောက်အတွက်တော့ဒီမိန်းမတွေက
သိပ်ပျော့လွန်းသည် သူကပဲကြမ်းလွန်းနေသလားတော့မသိ သူရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ ထိုကလေးကလွဲရင်
ဘယ်သူတယောက်မှ ကိုယ့်ဆီနှစ်ညလာမအိပ်နိုင်ကြ
ထားခဲ့တာလဲကိုယ်ပါပဲ နာကြင်စေခဲ့တာလဲကိုယ်ပဲ
ချောက်ထဲထိတွန်းချပြီး ဖျက်ဆီးပြစ်တာလဲကိုယ်ပဲ
အမုန်းတွေကြောင့် စိတ်တိုင်းကျဖျက်ဆီးပြစ်ခဲ့တာ
သူမကလည်းကိုယ့်စိတ်တိုင်းကျလိုက်ပျက်ဆီးပေးခဲ့သည် နာကြင်စေသမျှ ကိုလဲလက်ခံခဲ့သည်
နာတယ်လို့တခါမှမညည်းဖူးတဲ့သူမ ရပ်ဖို့တခါမှမတား
ဖူးတဲ့သူမ အမိန့်တိုင်းကိုအသက်ဖြစ်နေရင်တောင်မမှုဘဲ အဆုံးထိတာဝန်ကျေတက်သူ ဒီနေရာမှာနေဆို
ဟိုနေရာကိုသူမဘယ်တော့မှမသွားခဲ့ပါ
သူမရဲ့ရိုကျိုးမှုက ကိုယ့်အတွက်တကယ်ဂုဏ်ယူစရာ
အက်အမုန်းတွေသာမပါခဲ့ရင် ဘယ်လောက်တောင်မှ
သိမ်းထားချင်းရာကောင်းတဲ့အရုပ်လေးလဲ
အချစ်ဆိုတာမျိုးကိုယ်နားမလည် ဘယ်တော့မှလဲ
နားလည်လာဖို့မရှိ ကိုယ်သိတာက ကိုယ့်အပေါ်သည်းခံ
နိုင်တာသူမပဲရှိသည် ကိုယ်ဟာ အမုန်းတွေကို
sadistတယောက်ရဲ့လုပ်ရပ်တွေနဲ့ပေါင်းပြီး
ယုတ်မာဖျက်ဆီးလေတိုင်း သူမကတော့ ပြင်းထန်တဲ့
slave mindရဲ့ ကန့်သတ်ချင်ကျော်လွန်ရင်တောင်
အချစ်တွေနဲ့ ထောက်ကန်ထားလေသည်

fall in love with the bad guy(လူယုတ်မာတယောက်နှင့်ချစ်ကျွမ်းဝင်ခြင်း)Where stories live. Discover now