part 1(uni&zawgyi)

5.2K 27 0
                                    

Parallel of love and hate

မှန်ထဲက ထိုမိန်းကလေးကိုငေးကြည့်ရင်း နန်းခက်ခက်နွယ် တချက်ပြုံးလိုက်မိသည် အသက်ပါလေသလားမပါလေသလား ဆိုသည်ကတော့....
လူတွေကတကယ်ကိုပြောင်းလဲတက်ကြလေသည်
အရင်ကခြုံပုတ်လိုဖြစ်နေသည့်ရှုပ်ပွပွဆံပင်ခပ်တိုတိုနီကြောင်ကြောင်ဖြစ်နေတဲ့ဆံပင်ဟာ ရွှေဖြူရောင်အကွေ့အကောက်လေးတွေပုံစံနဲ့ တင်ပါးနားမှာဝဲနေလေပြီ
ခပ်ကြောင်ကြောင်တပ်ခဲ့လေသောမျက်မှန်ထူထူနေရာမှာလဲ ပြာလဲ့လဲ့မျက်ကပ်မှန်တစုံကနေရာယူနေပြီ
အမြဲမွဲခြောက်ခြောက်ဖြစ်နေတဲ့အသားအရောင်ကလဲ
skin careတွေသောက်ဆေးတွေတွေကောင်းမှုကြောင့် ဝင်းပပြီးစိုလို့ပြေလို့ အမြဲခြောက်သွေ့ပြီးအက်ကွဲနေတက်တဲ့နှုတ်ခမ်းသားဖြူဖြူဖျော့ဖျော့ဟာလဲ
ဒီမိန်းမရဲ့စွဲမက်စရာအကောင်းဆုံးနေရာဖြစ်လာမယ်လို့ဘယ်သူထင်ပါ့မလဲ...
မောင်ကတို့ကိုလက်စားချေခဲ့လေသတဲ့ ဘယ်အတွက်
ဘာကိုချေခဲ့လေသလဲတော့မသိ အိုးအသဲကွဲခဲ့သည်မှ
အပ. မောင်သင်ပေးခဲ့တဲ့အရာတွေအားလုံးကလေ
တို့အတွက်တော့ရူးသွပ်စရာတွေချည်းပဲ....
အငွေ့တွေဝေပြီးရီဝေဝေဖြစ်စေမဲ့စီးကရက်မျိုး...
အသိစိတ်တွေလွတ်ပြီး အကုန်လုံးကိုမေ့လျော့စေတဲ့
ဟော့ဒီဝီစကီတို့ဝိုင်တို့လိုမျိုး
ဘဝတခုလုံးကိုမေ့သွားစေတဲ့ ဟောဒီကကြိုးတွေ
ကြိမ်လုံးတွေခါးပတ်တွေ ဒီအနီရောင်အခန်းတခုလုံးကိုတို့ဘယ်လောက်တောင်မှရူးသွပ်လိုက်ရသလဲ....
တခုတော့ရှီတာပေါ့လေ ဒီအနီရောင်အခန်းကမောင်မရှိ
တော့ဟာတာတာ ဆေးလိပ်အငွေ့တွေကြားမှာစူးရဲရဲအကြည့်တွေရှိမနေတာကရင်နာစရာ သောက်ရင်းသောက်ရင်းမူးလာတဲ့အခါ ဝေ့ဝေ့ဝါးဝါးအရိပ်လေးတောင်မမြင်ရတာကမှ အချိုးရာတွေထပ်ပိုနာတဲ့နာကြင်မှုအစစ်ဖြစ်
လိမ့်မယ်ထက်ပါသည် တခါကမောင်ပြောခဲ့တာလေးကို
တို့တော့ဖြင့်မှတ်မိနေပါသေးရဲ့ ဒီသခင်ကဘယ်ကျွန်ကိုမှအပြစ်မရှိလေပဲအပြစ်မပေးခဲ့ဖူးဘူးတဲ့ ဒါဆိုဘာကြောင့်များ တို့မကျူးလွန်ဖူးတဲ့အပြစ်တခုအတွက် ဘဝတခုလုံးစာအပြစ်ကိုမောင်ပေးခဲ့လေသလဲ မောင်ဟာသေဆုံးခြင်းထက်နာကြင်စေမဲ့အရာမျိုးဆီတို့ကိုတွန်းပို့ခဲ့
တာ တို့လေရုန်းလေကျွံလေရုန်းလေကျွံလေဖြစ်နေပြီ
BDSMတဲ့လေးလုံးထဲရှိတဲ့စာလုံးလေးတွေပေမဲ့
အတွင်းထိစေ့စေ့စပ်စပ်ဖက်ကြည့်ရင်တော့အက်စကား
လုံးထဲမှာတို့လိုလူတွေရဲ့ဘဝတွေပါနေတာ...
ကိုယ်ဟာMတယောက် နာကြင်ရတာကို ရူးသွပ်နေသလိုမျိုး တကယ်ဆိုမောင်မသင်ပေးခဲ့သင့်ဘူးမလား
အဆုံးထိတာဝန်မယူချင်ခဲ့ရင် လေ နာကြင်မှုကို ရူးသွပ်
နေရင်းတောင် မောင့်ဆီကပဲ အက်ဒီစိတ်ခံစားချက်ကိုပေးတာ မောင်ကပဲလွှမ်းမိုးနိုင်တာ မောင်ကပဲ ရူးသွပ်စေတာ မောင့်ကြောင့်ပဲ ရူးရူးမူးမူးဖြစ်လာရတာလေ
တို့အများကြီးထပ်စမ်းပြီးတာတောင် မောင့်လို သခင်
တယောက်ထပ်မတွေ့ရတော့ဘူး နာကြင်စေတာချင်း
အတူတူတောင် မောင့်လောက်မနှိပ်စက်နိုင်လို့
ငါမကြိုက်ဘူး ဘယ်သူကများ ငါ့နှလုံးသားကိုရော
စိတ်ကိုကော ခန္တာကိုယ်ကိုပါတပြိုင်ထဲနှိပ်စက်နိုင်မှာမလို့လဲ မောင် ကပဲလုပ်နိုင်မှာ ဒါပေမဲ့ မောင်ကမရိဌလေတော့ ရုန်းမထွက်နိုင်မဲ့အတူတူ ဆက်ပြီးနွံထဲကိုတိုးမိ
နေတုန်း မှန်ထဲကမိန်းမပျိုသည်သိပ်ကိုမိုက်မဲလေသည်
ဘဝတလုလုံးကိုအငြိုးကြီးကြီးနှင့်ဖျက်ဆီးသွားသော
လူယုတ်မာတယောက်ကို ရူးနေအောင်ချစ်နေပါသတဲ့လေ...

fall in love with the bad guy(လူယုတ်မာတယောက်နှင့်ချစ်ကျွမ်းဝင်ခြင်း)Where stories live. Discover now