အခန်း (၁၁)

Start from the beginning
                                    

"မမ"

လှမ်းလက်စ ခြေလှမ်းလေး တုံ့သွားတော့ စကား ဆက်ပြောလိုက်တယ်။

"မမ နေမယ်မို့လား။ နေလေ။ ငယ် အထဲဝင်ပေးပါ့မယ်"

ပြောပြီး ကျွန်မက ဝရံတာရဲ့ ညာဘက်ထောင့်ကနေ လျှောက်လာတယ်။ မမ မေငြိဏ်းက တံခါးဝကနေ ဘယ်ဘက် ပြန်လျှောက်လာတယ်။ အလယ်မှာ ကျွန်မတို့ နီးကပ်သွားတော့ တိုးပေမယ့် ပြတ်သားတဲ့ အသံလေးကို ကြားရပါ တယ်။

"နေပါ။ ဘယ်သူမှ ရှောင်ပေးဖို့ မလိုပါဘူးလေ။ ဒီလိုနေချင်တာမို့ နေကြရ အောင်ပါ"

အဲ့ဒီ နေကြရအောင်ပါဆိုတာက အတူတူ နေကြရအောင်ပါကို မဆိုလိုပဲ ကျွန်မလည်း ဝရံတာမှာနေချင်သလို သူလည်း နေချင်တာမို့ သီးသန့်စီ နေကြရအောင်ပါ ဆိုတာကိုပြောမှန်း ကျွန်မ သဘောပေါက်ပါတယ်။

ကျွန်မ ဝရံတာရဲ့ ညာဘက်ထောင့်ကို ပြန်လျှောက်သွားလိုက်မိတယ်။ မမ မေငြိဏ်းလည်း ဝရံတာရဲ့ ညာဘက်ကို လျှောက်လာပါတယ်။ တကယ်က ဝရံတာရဲ့ ရှေ့တည့်တည့်ကို ကြည့်ရင် လူရှင်းပြီး ရှည်လျားတဲ့ ကတ္တရာ လမ်းမကြီးကို မြင်ရပါတယ်။ ညာဘက်ထောင့်ကနေ ကြည့်ရင်တော့ ကောင်းကင် နဲ့ ကြယ်တွေကို ပိုပြီးမြင်ရတယ်။

ကျွန်မရဲ့ဘေးမှာ မမ မေငြိဏ်း ရပ်နေပါတယ်။ ကျွန်မက ကောင်းကင်ဆီကို မျက်နှာ မော့ငေးနေမိပါတယ်။ ကျွန်မ ကို သူ မနှစ်သက်တော့တာကို ကျွန်မ မတွေးတော့ဘူး။ ကျွန်မကို မမမေငြိဏ်း စိမ်းသွားတာကို မသိချင်တော့ဘူး။

အရင်လို ပြန်ခေါ်ချင်စိတ်နဲ့ ခွဲရတော့မယ်ဆိုတဲ့ သိမှုကြားမှာ ကျွန်မရဲ့ ခံစားချက်တွေကို လှုပ်မရအောင် အတုပ်နှောင်ခံထား ရသလိုပါပဲ။ ရှိပါစေတော့ရယ် လို့ ကျွန်မ လွှတ်ချ ထားမိပါတယ်။

ကျွန်မ မျက်နှာကို ညလေပြေတွေ လာထိနေတာကို ခံစားမိနေတယ်။ အမှောင် ကောင်းကင် ဟင်းလင်းပြင်ကို မော့ငေးနေတဲ့ မျက်လုံးတွေကို ကျွန်မ မှိတ်ချလိုက်ပါတယ်။ နောက်ပြီး တိတ်ဆိတ်နေတဲ့ တဒင်္ဂလေးမှာ အဝေးကြီးက ရောက်လာရသလို ကျွန်မရဲ့ နှုတ်က အသံတချို့ တိုးဖျော့ နင့်သည်းလှစွာ ထွက်လာပါတယ်။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now