၂၉။ ဟန်နီရဲ့လှို့ဝှက်ချက်(uni+Zawgyi)

Start from the beginning
                                    

" ဟူးး "

နှစ်ယောက်သားအခန်းထဲမှာ သက်ပြင်းကိုယ်စီချလိုက်သည်။ အပြင်ဘက်ဧည့်ခနငယ်ထဲက နှစ်ယောက်ကတော့ လွတ်လပ်စွာအပူအပင်မရှိပျော်ရွှင်နေကြသည်။

ဒေစီ ပါလာတဲ့ ချောကလက်ထုတ်တွေကို အခန်းထောင့်မှာရုတ်ရုတ်လုပ်နေတဲ့ ကလေးမ တသိုက်ကို ကမ်းပေးလိုက်သည်။ သျှင်းကတော့ ဘာမှမပြောပဲ ဒေစီ့ကိုသာပြုံးပြီးကြည့်နေခဲ့သည်။

သျှင်း နဲ့‌ ဒေစီ မျက်နှာခြင်းဆိုင်ထိုင်နေကြသည်။ သူတို့နှစ်ယောက်ရဲ့အလည်မှာတော့ ဒေစီဝယ်လာသော မုန့်ထုတ်များကာစီးခြားလို့နေသည်။

ဒေစီ့ဘဝကအချစ်နဲ့နီးစပ်ဖို့ စီးခြားနေတော့မဟုတ်ဖူး။
မုန့်ခြားနေတာ ဖြစ်သည်။

ဒေစီသူ ဝယ်လာသော မုန့်ထုတ်တွေကို တစ်ခုမှမထိသည့်သျှင်းလေးကို စိတ်ပူစွာနဲ့စကားစပြောလိုက်သည်။ ဒေစီရောက်လာတည်းက သတိထားမိပါသည်။ ဒီကလေးမ အရမ်းငြိမ်နေတယ်ဆိုတာကို ။ အရင်ကဆို သွက်သွက်လက်လက်ကလေးမ လေးက ခုလိုမှိုင်နေတော့ ဒေစီ ရင်ထဲနေလို့မကောင်းပေ။

" သျှင်း ဝယ်လာတဲ့မုန့်တွေ မကြိုက်ဖူးလား ဘာမုန့်စားချင်လဲပြော ဒေစီအခုသွားဝယ်ပေးမယ် "

" မဟုတ်ပါဖူး မမလေးရယ် သျှင်း မစားချင်လို့ပါ " ဝယ်လာတဲ့မုန့်တွေ တချက်ကြည့်ပြီး

" အခုတောင်များနေပြီ မမလေးရယ် ထပ်မဝယ်ပါနဲ့တော့ "

အားအင်မရှ်ိသည့်ပုံစံလေးနဲ့ခပ်ယဲ့ယဲ့ဖြေလာသော သျှင်းလေး။

" အင်းပါ စားချင်တာ ရှိရင်ပြောနော် "

" ဟုတ် မမလေး"

နှစ်ယောက်ကြားကလေထုက တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားလေသည်။

သည်လို တိတ်တိတ်ဆိတ်ဆိတ်မနေနိုင်သည့် ဒေစီဘက်ကပဲပြောစရာမရှိပြောစရာရှာပြီး စကားအစပျိုးရပြန်သည်။

" သျှင်းလေး ကဘယ်ဒေသကို သဘောကျလဲဟင် "

" သျှင်းလား သျှင်းက အညာဘက် "

" အညာ ဟုတ်လား အညာက အရမ်းပူတယ်လေ "

" ပူပေမယ့် သျှင်းက အဲ့သည့်နေရာကိုသဘောကျတယ် ပူလောင်ပေမဲ့ နေရထိုင်ရတာစိတ်ချမ်းသာတယ် လိမ်လည်လှည့်ဖျားမဲ့သူလဲမရှိ အကုန်လုံးက ရိုးရိုးသားသားနဲ့လုပ်ကိုင်ရှာဖွေစားသောက်နေကြတာ"
ဒေစီ သျှင်းလေးပြောတာကိုပဲ ခေါင်းလေးတငြိမ့်ငြိမ့်နှင့်နားထောင်နေလိုက်သည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now