'ခွေးလိုကောင်တစ်ကောင်နဲ့ပါခြယ်ရာ အခုပြောရင်အခုတောင်စိတ်တိုလာ'

မျက်ဝန်းညိုတွေထဲမှဝဲတက်လာသော မျက်ရည်များနှင့်ပြည့်လျှံလာပြီး တစ်ဟင့်ဟင့်နဲ့ရှိုက်သံထွက်လာသည်။

'ခြယ် ဘာလို့ငိုနေတာလဲ ဂန်ဟန်ဖုန်းမကိုင်လို့စိတ်ဆိုးသွားတာလား။တောင်းပန်ပါတယ် မငိုပါနဲ့ မငိုရဘူး'

ခြယ်ကသူ့လက်ကလေးတွေနှင့်လက်မောင်းနားကအင်္ကျီစကိုဆွဲကာ တစ်ဟင့်ဟင့်နှင့်သာငိုနေသည်။

'ခြယ် ဂန်ဟန်ကိုပြောပါဦး။စိတ်ဆိုးနေတာလားလို့။စိတ်ဆိုးနေရင် လက်မောင်းကိုထုလေနော် ဂန်ဟန်ကချော့မှာပေါ့ အဲ့လိုမငိုပါနဲ့ ခြယ်ငိုရင်ဂန်ဟန်မခံစားနိုင်လို့'

ထိုသို့ပြောလိုက်ခါမှ သူမနှုတ်ဖျားမှ'ဂန်ဟန်မှာ ဒဏ်ရာတွေရလာတာကို ငိုမှာပေါ့။ဘာလို့အဲ့လိုရန်ဖြစ်ရတာလဲ။အများကြီးသောက်လို့ပေါ့။'

'ခြယ်ရယ် အများကြီးသောက်တာမဟုတ်ပါဘူး ပြီးတော့ရန်ဖြစ်တာကလဲမူးလို့ဖြစ်တာမဟုတ်ဘူး။ဟိုကောင်လူမဆန်လို့ဖြစ်ရင်းကနေ သူထိုးကိုယ်ထိုးနဲ့ဖြစ်တာပါ။ဒါမယ့်နော် ခြယ်မမြင်လို့ အဲ့ကောင်ဆိုဒဏ်ရာတွေချည်းပဲ။ဂန်ဟန်ကအေးဆေး ဟဲဟဲ'

​မျက်နှာကဒဏ်ရာကို 'အဲ့ဒီလောက်တောင်အေးဆေးနေရော့'ဆိုပြီး လက်ညှိုးနှင့်လာထိမှ 'အား နာတယ်ခြယ်ကလဲ'။

'ကဲမငိုနဲ့တော့ တိတ်။ဂန်ဟန်ကဘာမှမဖြစ်ဘူး ဟုတ်ပီလား လာအိမ်ထဲဝင်ကြမယ်'

အိမ်ထဲသို့တူတူဝင်လာခဲ့ပြီး ခြယ်ကသူ့အိမ်ကဲ့သို့ပင်ဆိုဖာရှိရာသို့ဆွဲခေါ်သွားပြီး 'ဒီမှာထိုင်၊ဆေးသေတ္တာဘယ်မှာလဲ'

'ဟိုမှာ'

ဆိုဖာပေါ်လှဲအိပ်ကာမျက်လုံးတွေပင်မှိတ်ထားရသည်။လူကရဟတ်စီးသလိုပင်ချာချာလည်နေ၏။

နံရံကပ်ဘီရိုရာသို့ညွှန်ပြလိုက်တော့ ကောက်ခနဲထသွားပြီးဘီရိုကိုဖွင့်ကာ ဆေးသေတ္တာဗူးကိုထုတ်ယူလိုက်သည်။

'နောက်ရန်မဖြစ်ပါနဲ့လားဂန်ဟန် ကြည့်ဦးနှုတ်ခမ်းတွေပေါက်ပြဲပြီး မျက်ခုံးမှာလဲပေါက်လို့ သွေးတွေနဲ့၊ကိုယ့်လက်တွေကိုလဲကြည့်ဦး။မိန်းကလေးတစ်ယောက်က ယောကျာ်းလေးနဲ့ယှဉ်ပြီးရန်ဖြစ်စရာလဲဂန်ဟန်ရဲ့'

"ခြယ်"Where stories live. Discover now