Side story of veter

Start from the beginning
                                    

တိခနဲ ရပ်လိုက်တဲ့ ခြေလှမ်းနဲ့အတူ Veterနောက်ကျောဘက်က ကောင်ငယ်လေးကလည်း ရပ်တန့်သွားလေတယ်။

"မင်း...."

အမြဲပြောနေကြ မြန်မာဘာသာစကားကနေ၊ ရှရှားဘာသာစကားကို ပြောရတာဟာ Veterအတွက် အင်မတန်မှ ခက်ခဲလေတယ်။ စိမ်းသက်နေတဲ့ ရင်းနှီးလှပါသော သူ့ကိုယ်တိုင်ရဲ့ နူတ်ခမ်းဖျားတွေဆီကနေ တိုင်းတစ်ပါးရဲ့လေသံတစ်ခုကို အားယူပြောမိချိန်မှာ၊ သူ့အတွက် ဒီရှရှားပြည်ကြီးဟာ အမိမြေလို နွေးထွေးမှုတစ်စုံတစ်ရာ ရှိမနေဘဲ၊ စိမ်းသက်နေတယ်ဆိုတဲ့ အမှန်တရားကို Veter လက်ခံလိုက်ရတော့တယ်။

အတူတူ ရှိခဲ့တဲ့ အမိမြေ... သူ ဘယ်အချိန်မှ ပြန်သွားနိုင်မလဲ...။ သူဟာ ရှရှားကို ပထမဆုံးရောက်တဲ့ နေ့မှာပဲ အမိမြေကို လွမ်းနေမိပြီထင်ပါရဲ့။

" မင်း... ငါ့အနောက် မလိုက်နဲ့"

" ဒီလမ်းက မင်းအပိုင်လား! "

" မင်း အရင်သွား..."

သူ့ပခုံးကိုတောင် မမှီသေးတဲ့ ကောင်ငယ်လေးက သူ့နံဘေးမှာ လက်ပိုက်ရပ်လာပြီး၊ မျက်ခုံးပင့်ကာ၊ စိန်ခေါ်လာတယ်။

" အရင်မသွားရင် မင်းက ငါ့ကို ရိုက်နိုင်မှာမို့လား? တိုင်းတစ်ပါးသားရ!"

Veter ဖိုက်တာသေးသေးလေးကို ကြည့်ကာ၊ ခေါင်းယမ်းမိရင်း၊ သူ့လမ်းကိုသာ ဆက်လျှောက်သွားတော့တယ်။ အနောက်က ကောင်ငယ်လေးကို လျစ်လျူရှုထားရင်းပေါ့။ ထိုအချိန်က လျစ်လျူရှုတတ်တဲ့ Veterဟာ အချိန်တစ်ခုအရောက်မှာတော့ ထိုကောင်ငယ်လေးအပေါ် ပြောင်းလဲသွားခဲ့တာဟာ ရိုးရှင်းစွာနဲ့ပဲ မှော်ဆန်လေတယ်။

" မင်း ဘယ်သွားမှာလဲ..."

" ဘယ်က လာတာလဲ"

" တိုင်းတစ်ပါးသား! ဟိုမှာကြည့် အာ့တာ ငါတို့ပြည်ရဲ့ ဘုရားကျောင်းလေ! မခမ်းနားဘူးလား?!"

Veter သူနဲ့မသိပါဘဲ လမ်းတစ်လျှောက် စကားတွေ ပေါက်ပေါက်ဖောက်နေတဲ့ ကောင်ငယ်လေး ညွှန်ပြရာဆီ ကြည့်လိုက်တော့၊ ခမ်းနားလှတဲ့ church ကျောင်းကို မြင်လိုက်ရတယ်။

" မင်းက စကားများလွန်းတယ်"

သူ့ရဲ့ မှတ်ချက်ပြုသံပြီးနောက်၊ ထွက်ပေါ်လာတဲ့ ရယ်သံလွလွကြောင့် Veter ပိုလို့တောင် စိတ်ခုသွားလေတယ်။ သူ ပြောတဲ့စကားမှာ ဘာရယ်စရာများ ပါနေလို့လဲ။

Autumn's Breeze ( осень ветер ) CompleteWhere stories live. Discover now