အခန်း(၄)

Start from the beginning
                                    

'မနက်စာကို ဒီတစ်ခွက်နဲ့ပြီးမလို့လား'

'ဟို.... ကျောင်းနောက်ကျနေတာနဲ့'

'မနက်စာက တစ်နေ့တာအတွက် အရေးကြီးဆုံးကို၊ အာဟာရရှိတာ စားပါကွယ်'

'ဟုတ်၊ ဒီမုန့်ဟင်းခါးစားလိုက်မယ် အန်တီ'

ဝေက ချိုင့်ဆေးဖို့ လုပ်တော့ 'နေပါစေ၊ ဆေးမနေနဲ့၊ ဒီတိုင်းပဲ ဆင့်လိုက်၊ ရတယ်'

'ရပါတယ်၊ ဆေးတာ အပန်းမကြီးပါဘူး၊ အန်တီ ခဏလေးထိုင်ပါဦး'

'မင်းသဘောပါပဲ'

အန်တီခင်ကလည်း ဒေါ်မေဖြူစင်လိုပဲ လူတစ်ဖက်သားကို မင်းလို့ ခေါ်တတ်တာလား။ အန်တီခင်နှင့် တစ်ခါမှ စကားကြာကြာမပြောဖူး၍ မသိခဲ့။ အဲ့လိုအသုံးအနှုန်းတွေကပဲ သူတို့အမွှာနှစ်ယောက်ကို ဆွဲဆောင်မှုရှိစေတာ ဖြစ်မှာပါပဲ။ ဝေ အတွေးနယ်ချဲ့မိနေတုန်း
"မင်း မိုင်လိုမသောက်တော့ရင် တို့ကို ပေးသောက်လေ"

'ရှင်၊ ဪ ၊ ဟုတ်၊ ရပါတယ်၊ ဟို....ရေနွေးက ဟိုမှာ'

အန်တီက စကားထစ်နေသော ဝေ့ကို ပြုံးကြည့်နေလေသည်။

ဝေပြောပြီးမှ စကားမှားသွားကြောင်း သတိရသည်။ ဧည့်သည်ကို မခိုင်းသင့်။ အိမ်ရှင်ပီပီ ဖျော်ပေးမယ်ဟု ပြောရမည်။ ထို့ကြောင့် 'ဝေ ဖျော်ပေးပါမယ်' ဟုပြောလိုက်သည်။

ထိုစဉ် အိမ်ရှေ့မှ တံခါးဖွင့်သံကြားရသည်။ ဖေဖေပြန်လာပြီ ထင်သည်။

'ဝေ... နိုးပြီလား၊ ကျောင်းနောက်ကျနေမယ်'

ဖေဖေသည် ဝေ့ကို အပေါ်ထပ်မှာအမှတ်နှင့်
အော်ပြောရင်း မီးဖိုခန်းထဲရောက်လာသည်။

'ခင်ဖြူစင်ပါလား၊ မဟုတ်သေးပါဘူး၊ မေဖြူ မလား'

ဖေဖေကပြောတော့ အန်တီက "ကိုနိုင်ကတော့ မေဖြူတို့ကို တန်းခွဲတတ်တာ အရင်ကလိုပဲကိုး'

ဝေ ခေါင်းရှုပ်သွားသည်။
ဖေဖေက ဆက်ပြောသည်။

"မေဖြူက ခင်ဖြူစင့်အဝတ်အစားတွေနဲ့ ရုပ်ဖျက်လာတာပေါ့"

အန်တီက ခပ်လွင်လွင်ကလေး ရယ်လိုက်ပြီး
"တမင်ရုပ်ဖျက်တာ မဟုတ်ပါဘူး။ ကိုကောင်းမြတ်သတင်း ကြားကြားချင်း အလုပ်က ထလာခဲ့ရတာဆိုတော့ အဝတ်အစား သုံးလေးစုံပဲထည့်လာခဲ့မိတယ်။ အဲ့ဒါနဲ့ ခင့်အဝတ်တွေ ယူဝတ်နေရတယ်"

အချစ်လေတံခွန်Where stories live. Discover now