အပိုင်း(၄၀)

Começar do início
                                    

တုန်ရင်နေတဲ့အသံကို ထိန်းချုပ်ရင်း သူမမေးလိုက်သည်
"အရှင်ကာဒီယမ်က ကျွန်မ အိမ်ရှေ့စံမင်းသားရဲ့စာတွေကို အက်စတယ်လာဆီကို တိတ်တဆိတ်ပို့ပေးနေတာကို စိတ်ဆိုးနေတာလား"

“….”

"ကျွန်မလဲ မတတ်နိုင်ဘူး မကူညီပဲလဲ မနေနိုင်ဘူး အိမ်ရှေ့မင်းသားနဲ့ စာအပြန်အလှန်ရေးရတာကို အက်စတယ်လာက အရမ်းပျော်နေပုံရတယ်လေ"

လုရှန်ကပြန်မဖြေတာကြောင့် သူမကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်နေသည်
"ဒါကြောင့် ရှင် သူမကို လက်လျှော့လိုက်သင့်ပြီ ရှင့်ရဲ့ တစ်ဖက်သတ်အချစ်ကို စွန့်လွှတ်လိုက်တော့"

'ဟူးးး ငါပါးစပ်ကနေ ထွက်မိသွားပြန်ပြီ '

ထိခိုက်မှုက ဖြစ်နေပြီးသားမို့ သူမ ပါးစပ်ကိုပိတ်တာနောက်ကျသွားခဲ့လေပြီ
'ငါမပြောလိုက်သင့်ဘူး'

သူမရင်တွေ တဒိတ်ဒိတ်ခုန်နေတော့သည် လုရှန်ကိုကြည့်ဖို့ ခေါင်းကို ဖြည်းဖြည်းချင်းလှည့်လိုက်သည် ထိုစကားလုံးတွေနဲ့ သူရဲ့ Achillesဖနောင့်*ကို သွားထိလိုက်ပုံရသည် ( *က အားနည်းချက်ကို သွားထိလိုက်တယ်လို့ဆိုလိုတာပါ Achilles' heelဆိုတာက overall strength မှာ အားအနည်းဆုံးနေရာပါ တခုခုဖြစ်လိုက်တာနဲ့ ပြိုလဲသွားနိုင်ပါတယ်)

လုရှန်က သူမကို ငေးကြည့်နေပြီး စိတ်ညစ်ညစ်နှင့် ဆံပင်ကို အနောက်သို့သပ်တင်လိုက်သည် သူအခုလို emotional ဖြစ်တာမျိုးမြင်ရတာ သူမအတွက် ဒါက ပထမဆုံးအကြိမ်ပင်
'အိုး နိုး သူအခုပေါက်ကွဲတော့မှာလား ငါဘာတွေလုပ်လုပ် ခွင့်လွှတ်မယ်လို့ ငါကို သူကတိပေးထားတယ်လေ'

အေးစက်နေတဲ့ချွေးတွေကို သုတ်လိုက်သည် ထိုအရာက သူမရဲ့နောက်ဆုံး အသက်ကယ်ကြိုးတစ်ခုလိုပင် လုရှန်ချလိုက်သော သက်ပြင်းတစ်ခုက သူမနှလုံးသားကို တုန်လှုပ်သွားစေသည်
နီရဲရဲမျက်လုံးတွေထဲ၌ ယခင်ကထက် ပိုများသော ခံစားချက်များ ပါ၀င်နေခဲ့သည် လုရှန်သည် ထူးခြားပြတ်သားသောအသံဖြင့် ပြောလိုက်သည်

"မင်းအဲ့အကြောင်းကို ဘာကြောင့်အခုထိ စိတ်ပူနေသေးတာလဲဆိုတာ ကိုယ်တော့နားမလည်တော့ဘူး"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးOnde histórias criam vida. Descubra agora