ငယ် ကားရှေ့ခန်းကိုဖွင့်လိုက်သည့် တစ်ခဏလေးမှာပဲ....
"မမလေး အပြင်ထွက်မယ်ဆိုရင် ကျွန်တော်လိုက်ပို့ပေးပါမယ်။" ဆိုပြီး ငယ့်အနားမှာပြန်ပေါ်လာသူ ကိုမှိုင်းကို ငယ်မျက်မှောင်ကျုံ့ပြီးကြည်လိုက်တော့ ကိုမှိုင်းက မချင့်မရဲနဲ့ မရယ်ချင်ရယ်ချင်မျက်နှာပေးနှင့်ပြန်လည်ကြည့်လာတော့သည်။"နေခဲ့....."
နောက်ထပ် ကိုမှိုင်းဘက်ကဘာမှဆက်ပြောလို့မရသေးခင်မှာပဲ ငယ်သည် ကားပေါ်အမြန်တက်ကာ ကားကိုတောက်လျှောက်မောင်းထွက်ခဲ့လိုက်သည်။
မရောက်တာကြာပြီဖြစ်သော တက္ကသိုလ်ရပ်ဝန်းအတွင်းသို့ ဝင်သည့်အချိန်တွင် ငယ့်နှုတ်ခမ်းတို့က အလိုလိုပြုံးရိပ်တို့ထင်လာခဲ့ပြီး lover seatတွင် ထိုင်နေသော အကောင်ပေါက်လေးထံသို့ ငဲ့ကြည့်ရင်း ပြုံးပြမိသည်။
"လာ ငယ်။ နင်လာမယ်ဆိုလို့ ငါတို့အတန်းလစ်ပြီးစောင့်နေတာ။ ကန်တင်းပဲ သွားမယ်မလား...."
ကားရပ်သည်နှင့် အနားကိုရောက်လာသော သူငယ်ချင်းမနှစ်ယောက်ကြောင့် ငယ်သည် ထည်ဝါပေါက်စလေးကို ထွက်လာခဲ့ဖို့အတွက် လက်ကလေးကမ်းပေးလိုက်သည်။
လက်ကမ်းပေးသည်နှင့် ခုန်စွစွနှင့်တက်လာသော အကောင်ပေါက်လေးက လက်ချောင်းထိပ်မှတဆင့် ဖြတ်ကူးလားသည်က ငယ့်ဦးခေါင်းအထိပ်မှာနေရာယူပုံရသည်။ ခေါင်းပေါ်မှာလေးတေးတေးနဲ့ ခံစားချက်ကြောင့် ငယ်တစ်ချက်ပြုံးလိုက်မိသည်။
"ဒီရှဥ့်ကို နေ့ရာတကာဦးထိပ်တင်ထားတာလား ဒေါ်သမီးငယ်...."
ဒေါ်သမီးငယ်ဆိုသော အသုံးသည် ငယ်နေ့စဥ်ကြားရဆဲဖြစ်သော်လည်း ယခုကဲ့သို့ အိမ်နေရင်းဝတ်ဆင်ထားသော စပန့်ဝမ်းဆက်နှင့်တော့ မည်သူမှခေါ်ကြလိမ့်မည်မဟုတ်ပေ။ အခုငယ့်ပုံစံသည် ရုံးသို့သွားသည့်အချိန်များလိုမဟုတ်ပဲ ဆံပင်အရှည်တွေကို စုရုံးကာ ထုံးဖွဲ့ထားသည့်တိုင် ကပိုကရိုနှင့်ဖြစ်နေသေးသည်။ ထို့အပြင် TVကြည့်ပြီးခါစမို့ တပ်ဆင်ထားလျက်ဖြစ်သော မျက်မှန်အဝိုင်းက ငယ့်ပုံစံကို ပိုလို့ရှုပ်ထွေးစေသည်။
YOU ARE READING
အချစ်ဦး (Completed)
အပိုင်း (၂၀)
Začať od začiatku