ရွှေကြောကို အကြိမ်ကြိမ်အခါခါမှန်းဆနိုင်ခဲ့သော ကိုမှိုင်းသည် အခုမှစတင်လုပ်ကိုင်သည့် သဘာဝဓာတ်ငွေ့နဲ့ပက်သတ်ပြီး ကျွမ်းကျင်ပိုင်နိုင်မှုမရှိသေးတာက သဘာဝကျပါသည်။ သို့သော် အင်းပြိုကျလို့ ရတနာရွှေထိုက်လုပ်ကွက်ဆီသွားခဲ့သူသည် ယခုအခါမှာ ရွှေပြည်သာရှိသဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းစဥ်ကို ဦးဆောင်ပေးနေသည်။
သူကိုယ်တိုင်တောင်မှ အလုပ်တွေမအားလပ်ရသည့်ထဲတွင် ငယ်လုပ်သမျှကိုပါ လိုက်လံကြီးကြပ်ပေးနေသော သူသည် ငယ့်အဖို့တော့ တော်တော်လေးကို မုန်းချင်စရာကောင်းနေသည်။
"ကိုမှိုင်းတို့ သခင်လေးက ပြန်မလာတော့ဘူးတဲ့လား။"
ပေါင်မုန့်စားနေရင်းကနေ အလိုမကျမှုတို့အပြည့်ဖြင့် ဖြစ်တည်လာသော မမလေး၏ထိုစကားကြောင့် ကိုမှိုင်းသည် Tabletကို ချက်ချင်းပဲသိမ်းလိုက်ပြီး....
"မမလေးရဲ့ နားရက်ကိုအနှောက်ယှက်ပြုလိုက်ရတဲ့အတွက် တကယ်ပဲတောင်းပန်ပါတယ်။ ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး။"ထိုမျှသာ ပြောပြီး မမလေးအနားကနေအမြန်ထွက်လာခဲ့လိုက်တော့သည်။
ထိုသို့ ကိုမှိုင်းသည် ကျောခိုင်းပြီး တောက်လျှောက်ဆိုလို ထမင်းစားခန်းကနေထွက်ဖို့ရန်အတွက်လမ်းလျှောက်နေသည်ကြောင့် ငယ်သည် စားပွဲပေါ်တွင်အသင့်ရှိနေသော ပန်းသီးစိမ်းတစ်လုံးဖြင့်လှမ်းပေါက်မိသည်။
ထိုချက်ချင်းမှာပဲ ကိုမှိုင်းကနောက်ကိုပြန်လှည့်လာသည်ကြောင့် ပန်းသီးသည် ကိုမှိုင်း၏လက်ဆီမှာ မိသွားတော့သည်။
"ပန်းသီးအတွက်ကျေးဇူးပါ မမလေး.. ..."
"ဒီလောက်စိတ်ပျက်ဖို့ကောင်းတာ ဒီလူတွေအကုန်ထွက်သွားကြပါလား....။ သွား..သွားးးးး"
အားကုန်အော်ချလိုက်ပြီး ငယ်ခေါင်းကိုပြန်မော့ကြည့်လိုက်သည့်အချိန်တွင် ကိုမှိုင်းသည် ငယ့်မျက်စိရှေ့တွင် ပြန်ရှာလို့မတွေ့တော့သည်က မနက်ဆယ်နာရီကျော်အထိဖြစ်သည်။
အလုပ်ကနေ နားရက်တစ်ရက်ယူထားသည်မို့ အားလပ်ရက်မှာတစ်ယောက်တည်း TVကြည့်တာကြောင့် ပျင်းပျင်းရိရိရှိလာခဲ့သည်။ သို့နှင့် နေ့လယ်စာကိုတော့ တွယ်တာတို့နှင့် စားမည်ဟုတွေးမိပြီး ဆိုဖာပေါ်ကနေထ,ကာ ကားဆီကိုပဲဆက်တိုက်လျှောက်ခဲ့လာသည်။
YOU ARE READING
အချစ်ဦး (Completed)
အပိုင်း (၂၀)
Start from the beginning