[အိုး.. မင်ယွန်းဂီ]
*အဟွတ်*
-မုန့်စားနေရင်းမှ သူ့မြင်ကွင်းက ဖြတ်သွားသည့် ပုံရိပ်ကြောင့် သီးသွားရသဖြင့် ဘေးနားရှိ ရေဘူးကိုအမြန်ဖွင့်ကာ သောက်လိုက်ရသည်။
-ထို့နောက်တွင်တော့ "ဘုရားဘုရား မင်ယွန်းဂီ"ဟူ၍သာ တ,နေရတော့သည်။
-ခင်ဗျားကလေ..ဘောင်းဘီအတိုလေးနဲ့။ ဖွေးဥနေတဲ့ ခြေတံလေးတွေကို မြင်ဖူးကြလား၊ သွယ်လျနေပြီးတော့လေ။
-သူ့နှာခေါင်းက စိုစွတ်လာသည်ဟုခံစားရသဖြင့် လက်ဖြင့်ပွတ်ကြည့်တော့မှ နှာခေါင်းသွေးလျှံနေသည်ကို သိရသည်။
"ဟေး Mr.Min"
"ဘာများလဲ"
-တစ်ဘက်အိမ်သို့ အပြေးသွားကာ တံခါးခေါက်လိုက်သည်။
-တံခါးပေါက်ကို အနည်းအကျဉ်းသာ ဖွင့်ပေးလာသောကြောင့် အထဲကို ချောင်းကြည့်မိသည်။ မြင်ရလို မြင်ရငြားပေါ့။
"ဝင်လာလို့ရလား"
"မရဘူး"
-ယတိပြတ်ကို ငြင်းချသည်။ စိတ်မကွက်မိဘဲ ပြောင်စပ်စပ် မျက်နှာဖြစ်သွားတော့ ခင်ဗျားက ရှက်သွားသည်ဟု ကျွန်တော်ခံစားမိလိုက်သည်။
"ဘာလို့လဲ ဘောင်းဘီအတိုလေးနဲ့ မို့လို့လား"
"မင်း ကျုပ်ကို ချောင်းနေတာမလား"
"အိုဗျာ...လှလို့ကြည့်တာ၊ ခင်ဗျား ပေါင်တံလေးတွေက..."
-အပြုံးကြီးကြီးနှင့် ဆက်၍စနေမိသဖြင့် ခင်ဗျားက နေမထိထိုင်မသာဖြစ်လာတော့သည်။ ဘုရားရေ...ကျွန်တော့်မင်ယွန်းဂီက ရှက်နေတာလား။
"တော်တော့ ပေါက်စရဲ့"
-အိုး..ကျွန်တော့်ရဲ့ မင်ယွန်းဂီက အပျိုဖြန်းလေးလို ရှက်နေပါရောလား။
[15.july7.2022]
YOU ARE READING
𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]
Fanfiction[𝑼𝒏𝒊𝒄𝒐𝒅𝒆 & 𝒁𝒂𝒘𝒈𝒚𝒊] 𝚈𝚎𝚕𝚕𝚘𝚠 𝙰𝚛𝚎𝚊💛 𝐃𝐨𝐮𝐛𝐥𝐞 𝐌𝐢𝐧(ʸᵒᵒⁿᵐⁱⁿ) 𝙢𝙖𝙣𝙮-𝙢𝙖𝙣𝙮 𝙨𝙝𝙤𝙧𝙩 𝙨𝙩𝙤𝙧𝙞𝙚𝙨