𝙼𝚊𝚔𝚎 𝚈𝚘𝚞 𝙼𝚒𝚗𝚎-1:𝙲𝚒𝚐𝚊𝚛𝚎𝚝𝚝𝚎

344 25 5
                                    

[စီးကရက်]

ကျွန်တော့်ကို စိတ်ကူးယဉ်ဆန်တဲ့ကောင်ကလေးလို့ ခေါ်ချင်သပဆိုလည်းခေါ်တော့ဗျာ...။

အင်း...ခင်ဗျားတော့သိမယ်မထင်ဘူး။ ကျွန်တော့်ရဲ့ အတွေးတွေက ဘယ်လောက်တောင်ကြောင်နေသလဲဆိုတာလေ။ ရူးမိုက်တယ်လို့လည်း ဆိုလို့မရဘူး။ ရူးသွပ်တယ်လို့ပြောဖို့ကျတော့ သဘောမတွေ့ဘူးရယ်...။

-စီးကရက်...စီးကရက်တွေကို ခင်‌ဗျားသိပ်ကြိုက်တာလေ။ အမြဲတစေ စီးကရက်လေး လက်ကြားညှပ်လို့ပဲ မဟုတ်လား...။

-တစ်ခါတလေတော့လည်း ခင်ဗျားသိပ်ကြိုက်တဲ့ စီးကရက်လေးတစ်လိပ်ဖြစ်ချင်သားဗျ...။

-မီးခြစ်ဆံကနေထွက်လာတဲ့ မီးအပူရှိန်ကြောင့် လောင်ကျွမ်းသွားမည့်အရေးကို ကျွန်တော်သတိမမူမိဘူး။ ခင်ဗျားရဲ့ ပါးလျတဲ့နှုတ်ခမ်းပါးလေးနှင့်သာ ထိတွေ့ခွင့်ရဖို့ စိတ်စောနေမိတယ်။

-အိစက်နူးညံ့လျက်ရှိတဲ့ နှုတ်ခမ်းသားနုနုပေါ်မှာ ‌ကျွန်တော်ဟာ ပျော်ဝင်နေမိတယ်။

-တစ်စတစ်စနှင့် မီးခိုး၊ ပြာမှုန်တွေအဖြစ် ပြောင်းလဲသွားသည်ကို ကျွန်တော်ဂရုစိုက်ခြင်း အလျင်းမရှိတော့။

-နောက်ဆုံးတစ်ချက် စီးကရက်ကုန်ခါနီး ခင်ဗျားရှူရှိုက်သွင်းလိုက်၏။

-ခင်ဗျားက ခင်ဗျားရဲ့ အိစက်ပါးလျသောနှုတ်ခမ်းပါးမှ ကျွန်တော့်ကို ခွဲခွာလျက် လက်ချောင်းများကြားမှ အောက်ရှိပထဝီမြေကြီးပေါ်သို့ ‌ပစ်ချလိုက်၏။

-ထို့နောက်တွင်တော့ ခင်ဗျားရဲ့အကောင်းစား ဖိနပ်ဖြင့်သာ ဖိနင်းချေလိုက်ပါတော့သည်။ ခင်ဗျားဘယ်လောက်ပဲ ကြိုက်နေခဲ့ပါမူ နောက်ဆုံးတွင် ကျွန်တော်ဟူသော စီးကရက်ငယ်သည် ဖိနင်းချေခြင်းသာ ခံလိုက်ရပါ၏။

-ပျော်ရွှင်ပါသည်။ ဖိနင်းချေခြင်းခံရသည်တောင် ပျော်ရွှင်မိပါသည်။

-ခင်ဗျား ကြိုက်သော စီးကရက်လေးတစ်လိပ်ဖြစ်ခဲ့ရသလို၊ ခင်ဗျားရဲ့ အချို့သော ပူပင်သောကတို့ကိုလည်း ကျွန်တော့်ရဲ့ အခိုးအငွေ့တွေနဲ့ ခင်ဗျားဆီမှ ကင်းဝေးအောင် သယ်ဆောင်ပေးခဲ့ရသည်ပဲမဟုတ်လား။

-ကျေနပ်ပါ၏။

ခင်ဗျားသိပ်ကြိုက်ရပါသော
စီးကရက်လေးအဖြစ်
ကျွန်တော် Park Jimin...

_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

[18.11Nov.2021]

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now