'ခြယ် ရရဲ့လား။ဘာဖြစ်လို့လဲ ဘယ်နေရာနေမကောင်းလို့လဲ'

'တစ်ကိုယ်လုံးနုံးနေတာပဲ မလှုပ်နိုင်ဘူး၊ခေါင်းမူးလိုက်တာ ဂန်ဟန်'

'မျက်လုံးလေးမှိတ်နေလိုက်နော် ဆရာဝန်ခေါ်ထားတယ် ခနနေလာလိမ့်မယ်။မနေ့ကအစားမှမစားတာနေ့လည်ထဲက အဲ့တော့ခန္ဓာကိုယ်ကအားမရှိတော့ပိုဆိုးသွားတာပေါ့'

'ခနစောင့်ပါလား ဆန်ပြုတ်ပြုတ်ထားတယ် သွားယူပေးမယ်'

'ဟင့်အင်းဘယ်မှမသွားပါနဲ့'

'အင်းအင်း ဘယ်မှမသွားတော့ဘူး။ဂန်ဟန်ရှိတယ် ခြယ့်နားမှာ'

မူးဝေနေသည့်ကြားကသူမမျက်လုံးအစုံတို့နှင့်ကိုယ့်ကိုအားယူကာလှမ်းကြည့်လိုက်သေးသည်။

ထိုမိန်းကလေးသည်တစ်ကယ်ပင်အားနည်း၍ချူချာသည်ကို သိလာပြီးသည့်နောက် မိုးရေထဲဆော့ချင်စိတ်နှင့်အတင်းဆွဲခေါ်ခဲ့သည့်မိမိကိုယ်ကိုနှစ်ချက်လောက်ဆင့်ထိုးချင်စိတ်ဖြစ်မိသည်။

'ခြယ်'က ခနတွင်းဆိုသလိုသူမလက်ကိုကိုင်ထားရင်းပင် ပြန်အိပ်ပျော်သွားသည်။

ခနအကြာဆရာဝန်ရောက်လဲရောက်လာသည်။

'ခြယ် ထထ ဆရာဝန်ရောက်နေပြီ။တံခါးသွားဖွင့်ပေးလိုက်ဦးမယ်'

'ဆရာ မနေ့ကမိုးမိပြီးဖျားသွားတာ အစာလဲမရှိထားဘူး'

'အင်း ခန္ဓာကိုယ်ကအဖျားပိုးဝင်တဲ့ချိန်အစာမရှိထားတော့ ပိုခံရတာ။အားဆေးထိုးပေးလိုက်မယ် ဒီဆေးလေးတွေကိုလဲ ဂန်ဟန်သေချာတိုက်လိုက်ပါ'

'ဟင့်အင်းဆရာ ဆေးမထိုးချင်ဘူး'ဟုကုတင်ပေါ်ကအသံသေးသေးလေးကထွက်လာ၏။
ထိုအသံပိုင်ရှင်သည်ဆေးထိုးအပ်လဲကြောက်ပုံရသည်။သူမအသားနာမည်စိုး၍ ဆေးမထိုးလို့ရရင်မထိုးပါနဲ့လားဆရာဟုပြောလိုက်ချင်သော်လည်း မိုးရေထဲခေါ်သွားမိသည့်ကိုယ့်အပြစ်နဲ့ကိုယ်ပင်။

ဆေးထိုးမယ်လုပ်တော့ နှုတ်ခမ်းစူကာမျက်ရည်ဝဲနှင့်မျက်စောင်းလှမ်းထိုးနေသည့် 'ခြယ်'က သူမအမြင်တွင်ကလေးငယ်လေးတစ်ယောက်က ဆေးမထိုးချင်လို့ငိုနေသည့်ပုံနှင့်ပင်တူပြီးသနားစရာလဲကောင်းသည်။

"ခြယ်"Nơi câu chuyện tồn tại. Hãy khám phá bây giờ